"ကိုကိုညွန့်...ခင်ဗျားကျုပ်နဲ့လိုက်ခဲ့ပေး..."
"ဇလျန်ထောင်း ငါမအားဘူး... ဒီမယ် နှစ်ချုပ်စာရင်းစစ်ဆေးနေတယ်..."
"ဒီလိုဆိုရင်ဖြင့် ကိုကိုညွန့်အားတဲ့အထိစောင့်နေပါ့မယ်..."
တမြင်တကာကိုမအားချင်ယောင်ဆောင်ပြီး
ဟိုလှန်ဒီလှန်ဖြင့် တွက်ချက်ပြီးသောစာရင်းအင်းများကို ကြည့်နေခြင်းသာ။
ဒီလိုရက်စက်နေသည့်တိုင် ဟန်နီကတော့ခေါင်းမာစွာပင် ဘေးနာတွင်လာ၍ထိုင်နေ၏။"မင့် ဘာအရေးကြောင့်ဘေးနားတွယ်ကပ်နေသလဲ..."
"ကိုကိုညွန့်အတူ သီတင်းကျွတ်လပြည့်နေ့ရဲ့
ပြည့်စက်စက်လဝန်းကြီးကို ငေးမောချင်လို့ရယ်ပါ...လပြည့်ဝန်းကြီးသိပ်လှတယ်တဲ့...
ချစ်တဲ့သူနဲ့ကြည့်ရင် ပိုလှမယ်တဲ့...""ချစ်တဲ့သူ..."
"ဇလျန်ထောင်းရဲ့ချစ်ရသူပါဆို ကိုကိုညွန့်ပဲရှိတာကော..."
အနားသို့ကပ်ကာသူ၏ဖျင်အကျီလေးအား လက်ငြိုးလေးဖြင့်ဆွဲကာ ပြုံးပြလိုက်မိ၏။
နှုတ်ခမ်းထောင့်စွန်းလေးကော့သွားပုံက ကိုကိုညွန့်သဘောတကျရှိခြင်းဆိုပါလျှင်
ဟန်နီဆိုတဲ့နာမလေးကို ကြားရတော့မည်ထင်ပါ၏။"ကိုကိုညွန့်လို့..."
"ဟန်နီ မင်းအရမ်းမဆိုးစမ်းနဲ့..."
"ဟော ဟိုမယ် မီးပုံပျံတွေခြံထဲကမြင်နေရပြီ..."
"ကျုပ်ဖြင့်အလုပ်မအားလေတာကို...မင့်ကျပ်ကျပ်သတိထားနော်..."
သူ၏လက်ဖဝါးနုနုလေးကိုဆွဲကိုင်ကာ စိတ်မရှည်လက်မရှည်ဖြင့် ခြံထဲဆင်းလာခဲ့ပါသည်။ လက်မောင်းအထက်မှဆုပ်ကိုင်ထားသောလက်နုနုလေးကြောင့်လား စံပ္ပါယ်ရုံမှသင်းပျံ့နေသော ပန်းရနံ့ကြောင့်ရယ်လားတော့မသိ ကြည်နူးကာပြုံးနေမိပါ၏။
"ကိုကိုညွန့်..."
မျက်ဝန်းဝိုင်းလေး၏အခေါ်ကို တစ်ချက်ကြည့်ကာအဖြေဆိုတော့ ပြုံးပြလာသောသွားတန်းလေးများ။ မော့ငေးနေသောမျက်နှာသွယ်သွယ်က မီးပုံးပျံတို့၏အလင်းရောင်ကြောင့်များကြောင့် သူ၏အပြုံးတို့ပိုမိုကာတောက်ပနေလေ၏။
YOU ARE READING
ရှေးရေစက် (Completed)