သင်တန်းသင်ပေးသည့် အိမ်မှပြန်လာပြီး မေမေ၊ဖေဖေတို့နှင့် စကားပြောကြပြီးနောက် အိပ်ယာဝင်ခဲ့ကြရာ ဘေးနားရှိအပုလေးကတော့ စောင်လေးထဲတွင်မြုပ်ပြီး
အိပ်ပျော်နေလေပြီ။ ကျွန်တော့်မှာသာ အိပ်မပျော်နိုင်ပါပဲ
အတွေးပေါင်းမြောက်များစွာရှိနေလေ၏။အိမ်မက်မက်ခဲ့သည်ကို စဥ်းစားနေမိသည်။
အိပ်မက်ထဲတွင်ဂျောနသန် ပြောသောစကားများကို ကြားယောင်လာသည်။ ဂျောနသန်နှင့်တူသူ ပြောပြသည့် အကြောင်းသည် အတိတ်နှင့် လုံးဝကိုမတူညီခဲ့ပေ။ ဘာကြောင့်ထိုသို့ အိပ်မက်အား ပြောင်းရသည်လဲ တကယ်သိချင်သည်။ ဂျောနသန် စကားတို့အား ကြားယောင်လာမိသည်။'စျာန့်ကို လက်မထပ်ပါနဲ့၊ အန္တရာယ်ရှိတယ်'
စကားအား ကြားယောင်မိချိန်တွင်
မျက်မှောင်တို့တွန့်ချိုးရလေပြီ။အတွေးတွေကြောင့် သောကတို့မှာ မိတ္တူကူးလိုက်သလိုများစွာရှိနေလေပြီ။ ဘာကြောင့်လဲ ဆိုသည့် အမေးကိုလည်း
ထိုလူကပြောပြလို့မရဘူးဟု ဆိုပြန်သည်။စျာန်ဝတ်ထားသည့် ဘုရားအဆောင်ဆွဲကြိုးလေးအား
ချွတ်ပေးရန် ဂျောနသန်ပြောသည်။ ထိုအဆောင်လေးချွတ်လျှင် သေမယ့်ဘေးလွတ်မည်ဟုလည်း ထပ်ပြောပြန်သည်။
မဂ်လာဆောင်ကို အပုလေး၏အသက်၃၂နှစ်ကျော်မှ ထပ်မံကျင်းပရန်တောင်းဆိုသည်။ အကြောင်းပြချက်သေသေချာချာမပေးပါပဲ ကျွန်တော်လည်း
လက်ခံစရာမရှိပေ။အိပ်မက်များကိုသေချာစွာမက်ခဲ့ပြီးနောက် ကိုညွန့်ဟန်ဝင်စားသူသည် ကျွန်တော်ဖြစ်နေသည်ဟု သိလိုက်ရလေသည်။
ကျွန်တော်အတိတ်ကိုမှတ်မိနေပြီမို့ ဂျောနသန်ဆိုသူကလည်း
အတိတ်မှာသိခဲ့ဖူးသည့် လူဖြစ်နေသည်ကို အတပ်သိသည်။
ပိုဆိုးသည်က အတိတ်တွင် ထိုလူ့ကြောင့် ကျွန်တော့်ဘဝအရာရာပျက်ဆီးခဲ့ရသည်။ ယခုဘဝလည်း ထိုလူကလာဖျတ်ဆီးနေသည်ဟုတွေးမိသည်။ပက်လက်လှန်၍ မျက်နှာကျက်ဖြူဖြူကြီးအား စိုက်ကြည့်ကာ အတွေးများနေမိသည်။ ဘေးနားမှပုလုံးလေးကတော့
နှစ်ခြိုက်စွာအိပ်နေပုံမှာ ဟောက်သံလေးပင် ထွက်နိုင်လောက်အောင် အိပ်မောကြနေ၏။
ကြိတ်မိတ်ကာအိပ်စက်ရန်ပြင်နေရသည်။ မနက်ဖြန်အတွက်အားမွေးရဦးမည်။
YOU ARE READING
ရှေးရေစက် (Completed)