အလှပြင်ခုံရှေ့တွင်ထိုင်ကာ မျက်နှာအနှံ့ပြင်ဆင်ချယ်သနေမိ၏။ တစ်နာရီကျော်ပင် ကြာငြောင်းနေလေတော့မည်။ သီချင်းလေးငြီးရင်း အလှပြင်နေသည်က အပျိုဖြန်းလေးလို။ အသက် ၃၀အရွယ်အပျိုကြီးဟု ဘယ်သူထင်ရက်မှာလဲ။
'ငါလေးက ဒီလောက်လှတာ ရည်းစားမရသေးတာမဟုတ်ဘူး...မောင်လေးတွေကိုရွေးနေလို့...ခိခိ'
အရေးကြီးပြောစရာရှိလို့ လှလှလေးဝတ်ပြီး အလှဆုံးပြင်ခဲ့ ညစာစားဖို့လာခေါ်မယ်ဆိုသော မောင်၊မောင်လေးတာရာကြောင့် အစွန်ထုတ်နေမိ၏။
"ကိုကို ကိုကိုလို့ခေါ်မယ် ရည်းစားတွေဖြစ်ရင်...မောင်ရေ မောင်ရေ ခေါ်ရမလား.."
အဟိ ငါလေးဟာ ဘယ်လိုသီချင်းတွေဆိုပြီး ဘယ်လိုတောင်ရွထနေရတာလဲနော်။
ဦးငယ်က ငါ့ကိုချိန်းတာ ရည်းစားစကား၊ ချစ်စကားများပြောချင်လို့လား။
ဒီအပျိုကြီးက ရှက်သွေးတွေဖြာပြီးရင်းဖြာ။ ချစ်ကြောင်းသာပြောလို့ကတေ့ာ ဘယ်လိုမူပြီးငြင်းရမှာလဲ။
တို့က ချစ်တယ်ဆိုပြီ တခါတည်းဖက်နမ်းမှာ။
မခို့တရို့နဲ့ရှက်သွေးဖြာပြီး မူနေမိရင် လင်ရကိန်းရှိတော့မယ်မထင်။ စိတ်မပူနဲ့ ဒီအမကြီးက မောင်လေးကိုချွဲနည်းမျိုးစုံနဲ့ ချွဲဦးမှာ အဟိ ခိခိ။ဖုန်းဆက်လာသည်မို့အပြေးထွက်လာတော့ အနီရောင်ပြိုင်ကားလေးက တိုက်အောက်တွင် ကြိုစောင့်နေပြီးသား။
အမိုးကိုဖွင့်ထားပြီး မျက်မှန်ရွှေရောင်ကိုတပ်လို့ ပြိုင်ကားထဲထိုင်နေတဲ့ကောင်ချောလေးဟာ ဘယ်လောက်ဆင်သလဲမေး။အသည်းမရှိတဲ့ အကန်းမကြီးလဲမဟုတ်။
အဆင်လေးတွေကို မြင်ရရှု့ရ မျက်စိကိုအေးနေတာပဲ။
သူ့ပုံစံကိုက ဘေးတစ်စောင်းကြည့်ရုံနဲ့တောင် အသည်းနှလုံးတွေ တဖြုတ်ဖြုတ်ကြွေလို့
သွားမယ်ယုံ။ပြေပြေပြစ်ပစ်နဖူးထက် ဝဲကျနေသောဆံနွယ်တို့က အနည်းငယ်။ ရွှေရောင်မျက်မှန်ကိုင်းကြားက နှာတံစင်းစင်းနဲ့ နှဖျားထိပ်အဆုံးငေးကြည့်ရင် ရူးခါသွားစေမယ့် အသည်းပုံနှုတ်ခမ်းရဲရဲတစ်စုံ။
YOU ARE READING
ရှေးရေစက် (Completed)