Part - 41 (U&Z)

3.6K 360 27
                                    

"မင်းတို့ ​ဘယ်ရောက်ပြီလဲ အကို....."

"မန္တလေးမြို့ထဲရောက်နေပြီ မင်းဘာမှာချင်သေးလဲ...."

"လမုန့်ဝယ်ခဲ့ အပုလေးကြိုက်တယ်....."

သူရိန်တို့ပြန်လာကြပြီ ပြန်လာမှပြောပြမည်ဆိုခြင်းကြောင့် စောင့်နေရုံပဲ တတ်နိုင်တော့သည်။ ​

"ကားသေချာမောင်း....
ငါ့ဆီအရောက်ပြန်လာနော်....
နှစ်ယောက်လုံးဂရုစိုက်........"

ကော်ဖီနှစ်ခွက်ကိုရှေ့သို့ချပြီး သက်ပြင်းကိုချရင်း အကျီလဲနေသည့် အပုလေးအား ချောင်းကြည့်ရသည်။
နာရီဝက်နီးပါးရှိနေလေပြီ အဝတ်အစားတို့ရှာနေခြင်း အမှု
သူလေးထမ်းရွက်နေဆဲ။

"မောင့်ရဲ့အပုလေး စွပ်ကျယ်နဲ့ပဲ
အလုပ်သွားတော့မှာလား......."

"အစည်းအဝေးလဲရှိတယ်...
နေ့လည်ကျ မေကြီးနဲ့မေလေးက
ဘုန်းကြီးကျောင်းသွားဖို့လာခေါ်မယ်တဲ့လေ....
ငါဘာဝတ်ရမလဲမသိတော့ဘူး......."

စာတန်းလေးကိုကြည့်ခြင်းဖြင့်သူလေး၏ သောကများကိုသိလိုက်ရပါသည်။ ပဲပင်ပေါက်အညှောက်ထွက်နေသလို လက်ရေးလေးကိုမှ စာရွက်ဖြူဖြူပေါ်၏ စာတန်းလေးများ
သည် မိုးပေါ်ထောင်နေသေးသည်။

"မောင့်အပုလေး အကျီတွေဖွထားတာ
ဗီဒိုထဲအကျီတွေရော ကျန်သေးရဲ့လား....."

သစ်သားကုတင်ထက်မှ မွေ့ယာသေးသေးလေးပေါ်တွင် အစုလိုက်အပုံလိုက်နှင့် အကျီများသည် မဂ်လာစျေးရှေ့မှ ဘေထုပ်ပုံနှင့် နင်လား၊ငါလားတူနေသည်။

"မောင်ရွေးပေးမှာပေါ့ မောင့်အသည်းနှလုံးပင်ပန်းသွားပြီ...
လာပါဦး အာဘွားပေးချင်လို့......"

အနားသို့တိုးကပ်သွားသည်ကို မျက်နှာအား လက်ဖြင့်တွန်းနေသည်။ ဆူပုတ်ကာ အလိုမကျသည်ကြောင့် မဲ့ရွဲ့နေပုံလေးကပင် ပါးမို့မို့လေးအား ပိန်ကျမသွားချေ။
အတင်းကာရော ဖက်ချလိုက်ပါသည်။

သူ့ကိုမနမ်းနဲ့လို့ တွန်းကန်နေသည်မှာ အကျီတွေကိုစိတ်ကောက်နေခြင်းတစ်မျိုးပင်။ ထို့ကြောင့်သာ စိတ်မကြည်၍ ကျွန်တော့်အားတွန်းကန်နေခြင်းသာ။
အချစ်ဆိုသည်မှာ အမြဲတစေ နူးညံနေဖို့ပဲမှမလိုပဲ။
တခါတလေ ကြမ်းပေးရသည်၊၊

ရှေးရေစက် (Completed)Where stories live. Discover now