Part - 13 (U & Z)

8.5K 687 39
                                    

"သူဋ္ဌေးလာပြီ သူဋ္ဌေးလာပြီ ဟေ့........"

ဝန်ထမ်းများ လှုပ်လှုပ်ရွရွနှင့်ဖြစ်သွားကြသည်။ အကြောင်းသည်ကတစ်ခြားတော့မဟုတ်ပေ။ PaNa Hillon ဆိုသည့် Hotel ပိုင်ဆိုင်သူသူဋ္ဌေးလေး "ဝင်းထွဋ်တာရာ" ရုံးသို့လာခြင်းကြောင့်ပင်။ လမ်းသွားရင်း စိတ်အလိုမတွေ့လျှင် အလုပ်ဖြုတ်တတ်သူမို့ လူတိုင်းသူ့အား
ကြောက်ကြခြင်းသာ။

"လူတွေက ဘာလို့ငါ့ဟော်တည်ထဲပြေးနေတာလဲ...

ဒီလောက်ခန့်ညားတဲ့ငါ့ကိုမြင်ရတာပဲ ကံအရမ်းထူးနေပြီကို ထွက်ပြေးကြရတယ်လို့..."

ဟော်တည်ရှေ့ပေါက် ဧည့်ကြိုကောင်တာရောက်ချိန် ကားပေါ်မှဆင်းကာ ဘဲလ်ဘွိုင်းကောင်ငယ်လေးအား ကားသော့ပစ်ပေးလိုက်သည်။ သော့လေးတောင် မိအောင်မဖမ်းနိုင်သည့်ကောင်က ဧည့်သည်ကြိုသည့်နေရာတွင် ဘယ်လိုအလုပ်လုပ်နေတာလဲ။

"မနက်ဖြန်အလုပ်ထွက်......"

ငိုမဲ့မဲ့ဖြစ်သွားသည့်ကောင်လေးက အံသြသွားပြီး စကားပြောရန်ပြင်နေ၏။ အကြောင်းသိသည့်သော မန်နေဂျာများနှင့် ဝန်ထမ်းအချို့ သူ့အား ဝိုင်းဆွဲနေကြသည့်အသံကြားသည်။
လှည့်မကြည့်ချင်တော့ပေ။ သနားလည်းမသနားနိုင်။
သူ့အပြစ်နှင့်သူမို့နေပါစေတော့ဟု တွေးကာ ရုံးခန်းထဲတက်လာခဲ့လိုက်သည်။

"ညကအိပ်မက်ကဘာလဲကွာ..."

"ငါကဘာလို့ အဲ့အပြုံးလေးနဲ့ကောင်လေးကိုပဲသတိရနေတာလဲ...မျက်လုံးထဲပါ မြင်ရောင်နေမိတာက ပြဿနာပဲ..."

စိတ်အစဥ်ကနောက်ကျိနေသည်။
ညက မက်သည့်အိပ်မက်ကြီးကြောင့် တကယ်ခေါင်းနောက်နေသည်ကအမှန်ပင်။ အမြဲမက်သည့် အိပ်မက်တွင် ထိုအပြုံးပိုင်ရှင်ကောင်လေးပါတတ်သည်။ ထိုကောင်လေးပြောသည့် စကားတို့ကအများကြီးရှိသော်လည်း တစ်ခွန်းမှတစ်ခွန်းတည်းသာ နိုးလာချိန်တိုင်းမှတ်မိသည်။

"ကိုကိုညွန့်...ကိုကိုညွန့် "ဆိုသောစကားကိုသာမှတ်မိ၏။

ဟူး........။

သက်ပြင်းမောကိုချလို့ အလုပ်စားပွဲတွင်ထိုင်နေလိုက်သည်။ အတွင်းရေးမှူးဆိုသူမှာ မိမိရောက်သည့်အချိန်ထိ ရုံးခန်းထဲရောက်မလာသေးပေ။

ရှေးရေစက် (Completed)Donde viven las historias. Descúbrelo ahora