Part - 28 (U&Z)

4.4K 503 73
                                    

ဂျပန်နိုင်ငံ Osaka မြို့တော်တွင်
လွန်ခဲ့သောငါးရက်ခန့်ကဖြစ်လေသည်။

"ဆွေဆွေ.... ကိုယ်နဲ့လိုက်ခဲ့နော်...
လေလံပွဲပြီးတာနဲ့ နောက်ရက်ပြန်ချင်ရင်  ကိုယ်တိုင်ပြန်ပို့ပေးမယ်လေ....ကျောင်းတွေလဲပိတ်ထားတာပဲ ဆွေရယ်...."

အမျိုးသမီးငယ်လေးကို ရင်ခွင်ထဲထည့်ကာ အနောက်ဖက်မှ သိုင်းဖက်ပြီး သူမလေး၏ပခုံးထက် သူ၏မေးကိုတင်ကာ
စကားတို့ကိုလေပြေအေးဖြင့် ပြောနေသူသည် ကောင်မလေး၏မျက်နှာအား စောင်းငဲ့ကြည့်ကာ ပြုံးနေသည်။ ဖက်တွယ်ခြင်းခံရပြီး အချစ်ခံရသူမိန်းကလေး၏ မျက်နှာထက်တွင်တော့ စိုးရိမ်ဗျာပါဒများအပြည့်ရှိနေ၏။

"ဆွေဇင် ပြန်ချင်ပါတယ် မြန်မာပြည်ကိုလဲ လွမ်းတယ်.....ဒါပေမယ့်........."

စကားပြောပြတ်သားပြီး ထက်မြတ်ကာ ရဲရင့်သော ကျွန်တော့်ရင်ခွင်ထဲမှ ဒီအမျိုးသမီးလေးသည် ယခုအခါတွေဝေနေလေသည်။ တခြားတော့မဖြစ်နိုင်ပါ။ သူ၏ချစ်သူအပေါ်သစ္စာဖောက်ကာ မိမိနှင့်လက်တွဲထားသည်ကို
ပြောပြဖို့ရာအားအင်တို့ မရှိသေး၍နေပါလိမ့်မည်။

"ဒါပေမယ့် ဘာဖြစ်လဲ ဆွေ..."

ဂျောနသန် ဆိုသည့် မိမိကလဲ ဖြစ်ချင်ပြီဆိုပါလျှင်ဖြစ်ကိုဖြစ်ရမှဖြစ်မည်။ လုပ်ချင်ပါလျှင် လုပ်ကိုလုပ်လိုက်ရမှကျေနပ်နိုင်မည့် လူစားမျိုး။

သူနှင့်တွေ့ဆုံခဲ့စဥ်ကတည်းက သူသည် လွန်ခဲ့သောအတိတ်ဘဝတစ်ခုက ခင်ခင်ရီနှင့်တူလွန်း၍ သူ့ဘေးသို့ချဥ်းကပ်ခဲ့သည်။ မပြည့်မစုံပါပဲ ချစ်သူရည်းစားထောက်ပံ့မှုဖြင့် ကျောင်းတက်နေရ၏။ သူသည် ကျွန်တော့်အကူအညီကိုလဲယူခဲ့သည်။  သူ့အကြောင်းများအား စုံစမ်းလိုက်စဥ်တွင် သူ၏ချစ်သူကောင်လေးအားတွေ့ခဲ့ရ၏။

'စျာန် တဲ့လေ ...Babyဇလျန် နဲ့တစ်ပုံစံတည်း...'

ခင်ခင်ရီကိုတွေ့ခဲ့ပြီမို့ သူ၏ပတ်ဝန်းကျင်တွင် တစ်ခုခုများသိရမည်လားအတွေးဖြင့် ရှာဖွေခဲ့ခြင်းက မှန်သွားသည်ဟုဆိုရပေမည်။

သူ၏ချစ်သူ စျာန် နှင့် တွေ့ချင်ပြီး အတည်ပြုချင်တာရှိသည်။ သူ၏ချစ်သူသည်
ဇလျန် ဆိုပါက အတိတ်ကမလုပ်ခဲ့ရသော
လုပ်စရာများရှိ​နေသည်။

ရှေးရေစက် (Completed)Donde viven las historias. Descúbrelo ahora