Part - 26 (U&Z)

4.8K 484 81
                                    

"ပြိုင်ကားလား ဟက်စကီးလား....
လေဒီကြိုက်တာပြော....

အိုင်ဖုန်းလား အိုင်ပတ်လား.....
လေဒီ ကြိုက်တာပြော......."

ရေချိုးရင်းနဲ့ Bluetooth joinကာ သီချင်းဖွင်းထားပြီး အခန်းထဲတစ်ယောက်ထဲ ဒွန့်နေစဥ် ဖုန်းမှစာဝင်သံကြောင့် ရေစက်လက်ကျနေသည့် ကိုယ်ကိုသယ်ကာ ဖုန်းတင်ထားသည့် စင်အနားသို့အပြေးသွားကြည့်မိသည်။

'အပုလေးဆီကများလား...'

ဘာတွေများအလုပ်များနေလဲ မသိရ။
တနဂ်နွေနေ့မို့ နားနားနေနေနေရန် ခွင့်ပေးထားခြင်းကို သူဘာအလုပ်ရှုတ်နေတာလဲမသိချေ။

မေးရမယ်။ ဒီကိစ္စမေးရမယ်။ သူကကိုယ့်အတွင်းရေးမှုးမဟုတ်လား။ မေးသင့်တယ်။

"နေ့လည်ခင်းသွားစရာရှိလို့ အချိန်ပိုင်းအလုပ်ဆင်းပေး...တစ်နာရီ ၂သောင်းပေးမယ်....."

ကိုယ်ပို့ထားသောစာကို ၄၃မိနစ်လောက်ကြာမှ ပြန်ပို့သည့်စာက "မအားဘူး" ဆိုတဲ့ သုံးလုံးတည်း။

သူ့ရဲ့မှိုတက်နေတဲ့ဦးနှောက်ကြီးကို ဖောက်စားချင်မိနေသော မိမိမှာမျောက်လဲမဟုတ်ပေ။

သူ့ရဲ့သူဋ္ဌေးဆိုတဲ့ ငါကိုရော မှတ်မိသေးရဲ့လား။

စျာန်ကသာ စက်ရုပ်တစ်ရုပ်ဖြစ်ခဲ့လျှင် သူ၏ဦးနှောက်အတွင်းသို့

'တာရာက ငါ့သူဋ္ဌေး၊ တာရာကငါ့သူဋ္ဌေး'

ဟုအသံမြည်နေသော ဆားကစ်ပြားတစ်ခုထည့်ပေးထားမိမည်မှာ အသေချာပင်။

စိတ်တိုရတဲ့အထဲ ရေစက်လက်နဲ့ ကိုယ်လုံးတီး၊ အမေမွေးတည်းကအတိုင်းနှင့်ဖြစ်နေသည်။ အေးကလည်းအေး၏။ စျာန့် ကိုလည်း ဖုန်းခေါ်ပြီးသာ စိတ်ရှိတိုင်းအော်ငေါက် ဆူပူလိုက်ချင်သော်လည်း
သူ့လိုမျိုးစိတ်သတ္တဝါလေးကို ဘယ်လိုအော်ရက်မှာလဲ။

"ငါသွားစရာရှိတယ် မင်းကငါ့အတွင်းရေးမှုးလေ
လာကိုလာရမယ်....."

ရှေးရေစက် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ