Final (U&Z)

11.8K 436 67
                                    

ဆေးရုံခန်းကြီးတစ်ခုမှ VVIP အခန်းကြီးတစ်ခုတွင်.......

"ဘိုဘိုးလေး.... မြို့အုပ်မင်းရဲ့သားလေးကရော ဘယ်လိုဆက်ဖြစ်သွားလဲဟင်......"

အသက်၁၈နှစ်အရွယ် မြေးမလေး၏အမေးကြောင့်
သူရိိန်တစ်ယောက်ပြုံးလိုက်လေသည်။ မြေးမလေး၏သိလိုစိတ်လေးများနှင့်အတူ ကြည့်နေလေသည့် မျက်ဝန်းလေးတွေထဲ၌ မျက်ရည်ဥလေးများခိုတွဲနေသည်။

"သားက ဇလျန်ထောင်းဆိုတဲ့အရေးပိုင်မင်းကိုသနားတာ.....ဗြဲ...."

ပြောရင်းနှင့် အော်ငိုနေသည့် မြေးအငယ်ဆုံးလေးကြောင့် သီဟလည်း ရယ်လိုက်ရင်း ရင်ခွင်ထဲတိုးဝင်နေသည့် မြေးငယ်လေးအား ဖက်ကာ ခေါင်းတခါခါဖြစ်နေသည်။

"ဘိုးအေကို ဆေးရုံမှာလာတွေ့ကြတာလား...
လာငိုကြတာလားဟေ......."

အသက် ၇၇နှစ်အရွယ် အဘိုးအိုသည် တုန်ရီနေသောလက်များကို ပေါင်ပေါ်တင်ရင်း ဘေးမှ အဘိုးအိုလေးခွံ့ကျွေးနေသည်များကို စားနေ၏။
ခွံ့ပေးနေသော အဘိုးအိုလေးသည်လည်း ပါးရည်နားရည်များတွန့်လို့ အိုမင်းခြင်းအမှုကိုထမ်းဆောင်နေကြရသည်။

အလားတူပင် မြေးနှစ်ယောက်အား ဖက်ထားသည့် အဘိုးအိုတို့သည်လည်း ဇရာထောင်းလို့ ရုပ်ကျနေလေတော့သည်။ အရည်ပြားများပင် တွန့်ကျေနေသည်က မီးပူမတိုက်ထားသည့် အကျီအလားပင်။

"ဘိုးဘိုးကြီး သက်သာရဲ့လား......."

မြေးနှစ်ယောက်သည် ကုတင်အထက်မှ အဘိုးဖြစ်သူအနားသို့ပြေးကာ ပြုံးရယ်ပြနေလေသည်။

"သက်သာနေပါပြီဗျာ......မြေးတို့ ဘာစားခဲ့ကြလဲ...."

တုန်ရင်နေသောအသံတို့ကို တစ်လုံးချင်းပီပီသသထွက်ကာ မြေးဦးလေးတွေအား အချစ်ပိုနေသော
အဘိုးအိုကို ပြုံး၍ကြည့်နေသော အဘိုးအိုလေးလည်းရှိသည်။ လျော့ရဲနေပြီဖြစ်သော ပါးရည်များကြားတွင် ပါးချိုင့်လေးတစ်ဖက်သည် မထင်ပေါ်တော့သလို သွားစွယ်လေးသည်လည်း ဇရာ၏ဝါးမြိုခြင်းကြောင့် မရှိတော့ချေ။

"ဟိုမှာ...ဟိုမှာ မြေးတို့အဘွားကိုသွားတွဲကြဦး....."

တံခါးမှဝင်လာသည့် မြတ်နိုးနှင့်အတူ သားတွေ၊သမီးတွေအား ကြည့်ကာ ခေါင်းငြိမ့်လို့ပြုံးနေမိ
သူမှာ တာရာဆိုသည့် ဘိုးဘိုးကြီးပင်။

ရှေးရေစက် (Completed)Donde viven las historias. Descúbrelo ahora