၂၀၁၉ခုနစ် ရန်ကုန်မြို့........
အိပ်ယာမှနိုးလာချိန် ညကအိပ်ပျော်သွားသည့် မိမိ၏အိပ်ယာမဟုတ်ချေ။ ကုတင်ကြီးကလည်း ကျွန်းလုံးကြီးများဖြင့် ဆင်မြန်းထား၏။ အခန်းအပြင်အဆင်မှာ တော်တော်လေးကို ရှေးဆန်သည်။
ဘာတွေလဲ သေချာတော့မကြည့်မိချေ။
'သောက်ရမ်းချောကာ နာမည်ကျော်စီးပွားရေးသမားမို့ ကောင်မလေးက မူးနေတုန်း အပိုင်ကြံဖို့ ခေါ်လာကြတာများလား...'ကိုယ့်အတွေးဖြင့်ကိုယ် အပြင်သို့သာ အပြေးထွက်မိ၏။ ကျွန်းတံခါးကြီးများ ဆီးကြိုလျက်။
အခန်းအပြင်ဘက်တွင် ကျွန်းတိုင်ကြီးများဖြင့် စီရီထားသော လျှောက်လမ်းဘောင်ကိုလည်း တွေ့ရသည်။ ဘောင်ဘေးနားအထိသွားကာ အောက်ထပ်သို့ငုံ့ကြည့်မိတော့ လှေကားလက်ရမ်းကိုတွေ့ရသည်။ ကြောင်လိမ်လှေကားပေမို့ ကွေ့ကောက်နေ၏။လမ်းတစ်လျှောက်လည်း ရေနံဆီမီးအိမ်ငယ်လေးများ ထွန်းထားသေးသည်။
ဘယ်အိမ်ကိုရောက်နေသည်လဲမသိပေ။ မွေးကတည်းကပ်ပါလာသည့် အကိုဖြစ်သူကိုလည်းမတွေ့ရချေ။"အကို..."
"မေမေရေ...မေကြီး..."
"ဖေကြီးရေ...ဖေလေးရေ..."
ဘယ်သူ့အသံမှမကြားရ။ မိမိ၏အော်သံကိုပင် မကြားရ။ အိပ်မက်များလား။
အိမ်အောက်ထပ်ရောက်ချိန် အခန်းတစ်ခန်းထဲမှ ကောင်လေးတစ်ယောက်ထွက်လာ၏။ ကျွန်တော်ရပ်နေသည့်နေရာသို့ လှမ်းကာကြည့်သည်။ ပြုံးလိုက်သည့်အပြုံးလေးက ချစ်စဖွယ်အတိပင်။
ပါးမို့မို့လေးထက်ဝယ် လခြမ်းကွေးသဏ္ဍန်ပါးချိုင့်ခွက်ခွက်လေး။ သွားတန်းညီညီလေးနှင့် နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေး။
ထိုနှုတ်ဖျားလေးဆီမှ ထွက်အံကျလာပါသော အသံတစ်ခု။ အော်ခေါ်နေသံပင်။"ကိုကိုညွန့် ......"
ထိုကောင်လေးက မိမိအားကြည့်နေသည်ထင်မိသော်လည်း သူ၏အကြည့်များကတစ်ခြားဆီမှာကျရောက်နေး။
ထိုကောင်လေးကြည့်နေသည့် နေရာအား ကြည့်လိုက်မိသည်။တောင်ရှည်နဲ့ခေါင်းပေါင်းဝတ်ဆင်ထားသည့် လူတစ်ဦး။ တည်တင်းသောမျက်နှာနှင့် ခန့်ညားသောရုပ်ရည်။ ခပ်ပါးပါးနှုတ်ဖျား၏ တင်းတင်းစေ့ထားပုံကပင် အေးစက်နေသည်လား။ ကောင်လေးအား၏ခေါ်ဆိုမှုအသံကပဲ နွေးထွေးမှုမရှိခြင်းလားတော့မပြောတတ်ပေ။ မျက်ဝန်းသေများက မိမိဆီသို့ဒိုင်းခနဲပစ်လိုက်သည့် သေနတ်ပမာ ကျရောက်လာလေသည်။
YOU ARE READING
ရှေးရေစက် (Completed)