"ရှေးရေစက်" Extra(သီတင်းကျွတ်လက်ဆောင်)
.,..................
၁၉၃၇ခုနစ် သီတင်းကျွတ်လပြည့်နေ့၌,
တံခါးခေါက်သံနဲ့အတူ အခန်းထဲဝင်လာလေသော ချစ်ရသောအမျိုးသားကြီး။ ရေချိုပြီးစမို့ထင် သူ၏ဆံနွယ်လေးများက ထိုးထိုးထောင်လျက် ရေစက်လက်နှင့်။
"ရေချိုးပြီးတိုင်း ခေါင်းသုတ်ဖို့ အမြဲပြောရပါလား ကိုကိုညွန့်ရဲ့..."
"ဇလျန် ကျုပ်မင်းကိုပေးစရာရှိတယ်..."
အခန်းတွင်းမှ ကျွန်းစားပွဲရှေ့ထိုင်နေသူက ဆူပူနေလေပြီ။ သီတင်းကျွတ်လက်ဆောင်လေးပေးဖို့ရာ
မြို့တော်ဝန်ရုံးမှ ပြန်လာစဥ်တည်းက သူလေးကိုစောင့်နေခဲ့ရခြင်းပေ။ သားနှစ်ယောက်နဲ့ဆော့ကစားပြီး ညစာစားပြီးခဲ့သည့်တိုင် အရေးပိုင်မင်းသေးသေးလေးက အလုပ်တွေရှုတ်နေခဲ့ရောမဟုတ်လား။
ချွေးတွေလည်းရွှဲနေသလို ညစာစားထားတာမို့ ဟင်းနံတွေလည်း ပေနေလောက်သည်။ အသန့်ကြိုက်သော ဇလျန်ထောင်းရဲ့ဗီဇကို သိနေသူမို့ သူ၏ကားသံကြားရုံနှင့် အပြေးအလွှားရေချိုးခဲ့တာပင်။
ည၉နာရီတီးလျှင် အခန်းတွင်းမီးပိတ်ပြီး အိပ်ပျော်နေတတ်သူက ဘယ်သူလဲ။
"ညဘက်ကြီးခေါင်းလျှော်ရလေတယ်လား ကိုကိုညွန့်ရဲ့ မတော်လို့များ၊ တော်ကြီးဖျားနာရင် ဘယ်လိုလုပ်စ...ကျုပ်ကိုစိတ်ပူရအောင်တွေ သိပ်မလုပ်ပါနဲ့လား..."
"စံပ်ပါယျရုံမှာ စံပ်ပါယျပနျးတှေ ဝေနေပြီ ဟန်နီ..."
"မနက်ခင်းကျရင် အပြေးလေးသွားကြည့်လိုက်ပါ့မယ်..."
ဦးရေဖျားပေါ်က လက်ဖဝါးလေးများက ဆံနွယ်များရေခြောက်သွေ့နေပြီလားဟူ၍ စမ်းသပ်နေရင်းမှ အပြုံးလးနဲ့သာ ပြန်ပြောလာသည်။ ရှေ့မှရပ်နေသူလေးရဲ့အပြုံးတွေဟာလည်း ကောင်းကင်ယံထက်တက်ဝဲလာသော မီးပုံးပျံတစ်ခု၏အလင်းလေးနဲ့ပင် လှရက်လွန်းနေ၏။
"ကျုပ် စံပ်ပါယျပနျးတှကွေိုကျတာ ကိုကိုညွန့်သိတယ်လား..."
"မင်းကြိုက်တတ်တဲ့ စံပ်ပါယျလေးတှကေိုကောကျပွီး
YOU ARE READING
ရှေးရေစက် (Completed)