"အဟွတ် အဟွတ် အဟွတ်......"
မွန်းကြပ်စွာပင်နိုးထလာချိန်၌ အမြင်တို့မှာ ဝေဝေဝါးဝါး။ သေဆုံးခဲ့ပြီဟုထင်ခဲ့သော်လည်း အသက်ရှင်ခဲ့သေးသည်။ ရေမကူးတတ်သည့် အဓိကအကြောင်းမှာ ရေကြောက်၍မသင်ဖြစ်ခဲ့ခြင်းသာ။ ဤသို့ရေနစ်မည်ဟုမထင်ခဲ့၍ မသင်ခဲ့ရိုးကလည်း
အမှန်ပင်။"Baby Baby... Are you ok? ...."
အိန္ဒိယကာလက္ကတားပြည်၏ အရေးပိုင်မင်းနရင်း၏ အသံကြောင့် ခေါင်းသာငြိမ့်လိုက်ရတော့သည်။
ခပ်လှမ်းလှမ်းမှမြင်နေရသည့် မျက်ဝန်းတစ်စုံ။
ထိုမျက်ဝန်းပိုင်ရှင်၏ ဆံနွယ်တို့ ရေများစိုစိုရွှဲလို့နေသည်။ ချည်ဘောင်းဘီအရှည်အပွအသားရောင်မှာလည်း ရေများစိုနေသေးသည်။ကိုယ့်အတွက် သူ့အသက်ကိုစတေးလို့ရှာခဲ့တာများလား။ ဒီလိုဆိုရင်တော့ ရင်ထဲ၌သာကြိတ်ကာဝမ်းသာရပေဦးမည်။
သူရှိရာသို့ လှမ်းငေးကြည့်နေမိသည်။
အသက်ရှူရန်နှင့် မျက်တောင်များခတ်ရန်ပင် မေ့လျော့ကာ ခန့်ညားသော ရုပ်ရည်အားငေးနေမိသည်။မျက်တောင်ခတ်ရန် မေ့ခြင်းထက် မျက်ခွံလေးများပိတ်သွားချိန် သူ ပျောက်သွားမည် စိုးရွံ့မိသည်ဆို ပိုမှန်ပေမည်။မျက်ကြောများက ပြောသံကြားရပါ၏။
သူတို့ငြောင်းနေပါပြီဟူ၍ပင်။ ကြာကြာဖွင့်ထားမိသော မျက်ဝန်းတို့ထဲ အရည်ကြည်တို့သည် ရစ်သိုင်းနေသည်။ မျက်ဝန်း၏အကြောများနှင့်အတူ ခန္ဓာဗေဒ၏ ငိုချင်စိတ်က လိမ်ညာ၍မရပေ။ထိုလူသားက ပိုင်ဆိုင်နိုင်ပါ့မည်လားဆိုသည့် ကြောက်စိတ်ကြီးမှာ နှလုံးသည်းခြေပြတ်ထွက်မတတ်ကြီးစိုးလာလေ၏။
'အချစ်ကကြောက်ရွံ့ခြင်းဆို နှလုံးသားက
အလွမ်းတေးကဗျာတစ်ပုဒ်ပဲ...'ဝဲတက်လာသည့် အရည်ကြည်တို့ကိုလည်း ဂရုမစိုက်မိသေး။ မျက်ခွံတို့ကိုအနားပေးကာ တစ်ချက်လေးပင် မလှုပ်ရှားမိသေး။ သူ့ကိုသာငေးနေမိမြဲ။ငေးနေဆဲပေ။
လျှပ်တစ်ပျက်အတွင်း ထိုလူကျောခိုင်းသွားခဲ့သည်။ ကိုညွန့်ဟန်သည် လှဲနေသူ မိမိအားကြည့်ကာ ခေါင်းလေးငြိမ့်၍ ပြုံးပြခဲ့၏။
ESTÁS LEYENDO
ရှေးရေစက် (Completed)