၁၉၂၁ ခုနစ်မြန်မာနိုင်ငံ.......
"အမနဲ့အဘ ကျုပ် ခင့် အိမ်ကို ခဏသွားဦးမယ်ဗျ....."
အပြုံးမမည်သော်လည်း ရှက်ပြုံးလေးဖြင့် ခပ်တည်တည်လေးခွင့်တောင်းနေသူသည် မကြာခင် ဘိလက်သို့သွားရတော့မည့် ကိုညွန့်ဟန်ဆိုသူပင်ဖြစ်လေသည်။
အနက်ရောင်ပေါ်သို့ အစိမ်းရောင်အကွက်အကျဲများ ချယ်သထားသည့် တောင်ရှည်ကိုဝတ်ဆင်လို့ တိုက်ပုံအဖြူအားသေသပ်စွာ ဝတ်ဆင်ထား၏။ ခေါင်းပေါင်းအားဆံနွယ်ထက် တင်မထားသော်လည်း ခေါင်းပေါင်းစအား လည်ပင်းတွင်ချိတ်ထားပုံထောက်လျှင် ဤကလေး ခင်ခင်ရီ့ကို ပိုးပန်းရင်း
ယောက္ခမတော်နှင့်သွားတွေ့မည်ဟု ထင်သည်။"လူပျိုက အပျိုကိုသွားပိုးမလို့ဟုတ်လေစ
မောင်ညွန့်ဟန်......"အမ၏ရွှတ်နောက်နောက်စကားလေးအား ပြုံးကာခေါင်းငြိမ့်မိပါသည်။ တကယ်လည်း အပျိုလေးခင့်အား ပိုးပန်းလိုခြင်းကြောင့် ကံဘဲ့ရွာသူကြီးဆီသို့အလုပ်ကိစ္စအကြောင်းပြကာ
သွားရောက်လိုသည်။"တို့များချွေးမလေးကို အမှာတော်ပါးပါရစေဦး
လူလေးရေ.....""ဟုတ်ကဲ့အမ....."
ပြောပြောဆိုဆိုနှင့်ပဲ ပြုံးရွှင်နေသည့်အမသည် သူမ၏အခန်းရှိရာသို့ ထွက်သွားလေသည်။ အဘ မှာလည်း
ဆေးတံကြီးသာကိုက်လို့နေပြီး ကျောက်မြတ်ရတနာများအား အရည်အသွေးစစ်နေလေတော့သည်။"အဘရွှေချောင်းတွေက
ကျုပ်တို့တွင်းကထွက်တာလေးလားဗျ...""အမှန်ပဲ လူကလေးရေ.....ပန်းတိမ်ဖိုကနေ ရွှေချောင်းလုပ်ထားရတယ်ကွယ့်.... အရေးပိုင်မင်းမူဂဟ က ရမ်ဂူးမြို့ကိုလာနေပြီလို့ ကြေးနန်းရိုက်သကွဲ့ .... "
"အရေးပိုင်မင်း မှာယူထားတာလား အဘ....."
"မှန်လေစွ လူကလေးရေ....."
အဘနဲ့စကားကောင်းနေချိန်တွင် အမပြန်ရောက်လာပြီး
လက်ထဲသို့ ဘူးလေးတစ်ဘူးထည့်ပေးလာလေသည်။"ရွှေလက်စွပ်ပဲ အမ..... အဘယ်အရေးကြောင့်ပါလဲ အမ...."
"အမက အပျိုလေးခင့် ကို လက်ဆောင်ပေးတယ်လို့
ပြောလိုက်ပါကွယ်........"
YOU ARE READING
ရှေးရေစက် (Completed)