Part - 24 (U & Z)

4.9K 483 44
                                    

"လာနေပြီ...."

ပြန်လည်ကာပို့ထားသည့် စာသားလေးအား ခပ်ပြုံးပြုံးကြည့်နေရင်းမှာပဲ အချိန်ဘယ်လောက်ကြာသွားသည်မသိ
တံခါးခေါက်သံကြားလိုက်ရ၏။

ကျွတ်ဆတ်ဆတ်ပြောနေပုံလေးကိုက အူယားစရာ။
သူ့ကို ကျီဆယ်စာနောက်နေရခြင်းအပေါ်သဘောခွေ့နေသည်က ဤရက်ပိုင်းတွင်။

ပြုံးနေပါသော မျက်နှာကိုတည်ကာ
ချောင်းတစ်ချက်ဟန့်ပြီး တံခါးဆီသို့ဦးတည်လိုက်ပါသည်။

"ရောက်လာပြီလား..."

မြင်နေရက်နဲ့ရောက်ပြီလားဆိုတော့ ဟင့်အင်းမရောက်သေးဘူးလို့ပြောရမှာလား။

'သောက်ရူး...'

တံခါးဖွင့်လိုက်ချိန်တွင် မြင်လိုက်ရသည့် ကောင်လေးကို ငုံ့ငေးကာကြည့်လိုက်မိသည်။ သူ၏အရပ်မှာ ၅ပေ ကျော်ကျော်လေးသာရှိလောက်မည်။ ၆ပေ၂လက်မ ကျွန်တော့်အရပ်နှင့်ယှဥ်လျှင်တော်တော်လေးပုသည်။

မော့ကြည့်လာသည့် သူ၏ မျက်ဝန်းများက နက်မှောင်နေသော်လည်း အရင်ကလိုတောက်ပပြီး ဝိုင်းစက်မနေပေ။ အိပ်ချင်နေသူတစ်ယောက်လို မျက်လုံးကြီးများက ဖရိုဖရဲ​ပြိုလဲတော့မည့်အတိုင်းပင်။

အလိုမကျဖြစ်နေသည့် သူ၏စိတ်အခြေအနေလေးသည် မျက်နှာထက်တွင်ပေါ်လွင်နေပြီး အနည်းငယ်မျက်မှောင်ကျုံ့ ထားသေး၏။

'အူယားစရာကလေးမသာလေး...'

ခပ်စူစူနှုတ်ခမ်းလေးက အနည်းငယ်ပိုဆူနေသည်။ သူကျွန်တော့်အား စိတ်ဆိုးနေတာဖြစ်မည်။ စိတ်ဆိုးအောင်လည်း တမြင်တကာ လုပ်ခဲ့ပါသည်ဟု ဝန်ခံပါ၏။

'မင်းကငါ့ကို ပျော်ရွှင်စေတဲ့ အရုပ်လေးဆိုရင်
တစ်သက်လုံးသိမ်းထားလိုက်ဖို့ တွန့်ဆုတ်နေမှာမဟုတ်ဘူး...'

သူအတွက် အထူးပြုလုပ်ထားသည့် ထမင်းဝိုင်းတွင်ထိုင်ခိုင်းကာ ထမင်းကျွေးရမည်။ ဤသည်ကြောင့်ပဲ ရုံးခန်းထဲမခေါ်ပဲ ကိုယ်တိုင်နားနေတတ်သည့် အခန်းတွင်းခေါ်လိုက်ခြင်းဖြစ်လေ၏။

"ဝင်လာလေ......."

မျက်စောင်းထိုးကာ မိမိကိုယ်
ကျော်၍အခန်းတွင်းဝင်သွားသည်။

ရှေးရေစက် (Completed)Wo Geschichten leben. Entdecke jetzt