Part - 36 (U&Z)

4K 390 44
                                    

"ကိုယ်ပါ ကိုယ့်အသံကို
မင်းကြားနိုင်တယ်...."

နွေးထွေးလှသောစကားသံလေးနှင့်အတူ
တည်ကြည်အေးချမ်းလှသော အသံအနေအထားကြောင့်
မျက်နှာချင်းဆိုင်ရပ်ကာပြုံးကြည့်နေသည့် တာရာ့ အား
မော့ငေးကြည့်လိုက်မိသည်။

"တာရာ........."

သူ၏မျက်ဝန်းများထက်မှ အဖြေကိုရှာနေဆဲပင်။

"တာရာမဟုတ်ပါဘူး....ကိုယ်ပါ နရင်း......"

မျက်နှာချင်းဆိုင်မှရပ်နေသည့် အပုလေး မျက်နှာလေးအားငေးနေရင်း ချက်ချင်းဆိုသလိုပင် သူ၏မျက်နှာလေးထက် အေးစက်မှုများစွာရလိုက်မိသည်။
ရုတ်ချည်းပြောင်းလဲသွားသည့် အခြေအနေလေးပင်။ ယခုနလေးတင်ငေးမောနေသည့် မျက်ဝန်းပြူးပြူးဝိုင်းဝိုင်းလေးများက တောက်ပမနေတော့ပါပဲ အရောင်တစ်မျိုးပြောင်းကာ သူ၏ ကိုယ်လေးတောင့်သွားလေသည်။

"ဘာလို့လဲ အပုလေး....."

"..."

"နေမကောင်းဘူးလား အပုလေး....."

ဘယ်သူ့ကိုမှဂရုမစိုက်နိုင်ပေ။ လက်တစ်ဖက်မှာ သူလေး၏နဖူးပြင်မို့မို့လေးထက်သို့ တင်လိုက်မိပြီး
အပူ၊အအေးအား စမ်းသပ်နေမိသည်။ ပါးဖောင်းဖောင်းလေးနှင့် လည်တိုင်လေးကို စမ်းနေသည်အထိ အပုလေးသည်ကြည့်နေလေသည်။

"ကိုယ်သွားပြီနော် စျာန်............."

ဓာတ်လှေကားပွင့်သွားပြီးနောက် ထိုအသံကိုထပ်မံကြားလိုက်ရသည်။ ကျွန်တော်မှလွဲမည်သူမှ မကြားဘူးထင်သည်။ မြတ်နိုးသည်လည်း ဓာတ်လှေကားအဖွင့်ခလုတ်ကိုနှိပ်ကာ မိမိအားကြည့်နေသည်။
တာရာတစ်ယောက်ကလည်း ဘာတွေပြောနေသည်မသိ။

'ငါပဲကြားလိုက်ရတာလား...'
'ငါ့စကားသံလဲသူကြားရတယ်လား...'

"အပုလေး နေမကောင်းရင် အစည်းဝေးဖျက်လိုက်မယ်.....
ဆေးရုံသွားရအောင်.... check upလုပ်ကြည့်​မယ်လေ....
ဘယ်နားကနာနေလဲ.... ရင်ထဲနေမကောင်းပဲ မသက်မသာဖြစ်နေလား........"

အပုလေးသည် မိမိအား အဖတ်ကိုမလုပ်ပါပဲ ပွင့်နေသော ဓာတ်လှေကားအပြင်အားငေးကာ ယောင်နနဖြင့် စူးစိုက်ကြည့်ရင်း ထွက်သွားလေသည်။

ရှေးရေစက် (Completed)Où les histoires vivent. Découvrez maintenant