18plus......
ညနေစာအတူစားရန် ဇလျန်နှင့်ထပ်မံချိန်းဆိုခဲ့၏။ မဂ်လာပွဲကိစ္စပြောရန်အတွက်လည်းပါ၏။
ဇလျန်သည် ဘုရင်ခံ၏တူမို့ ကျုပ်အတွက်လိုအပ်သည်။
ဘုရင်ခံတစ်ယောက်ဆွေမျိုးထဲရှိနေခြင်းသည် တစ်ခုတော့ကောင်းပါသည်။ နိုင်ငံရေးလုပ်နေသည့်သတင်းများနှင့် နိုင်ငံရေးသများတို့ကို ထောက်ပံ့ရေးများအားလိုက်နေသည့် သူများလည်း ကင်းဝေးမည်။ လူအများ၏သံသယမျက်ဝန်းများ၊ မြို့အုပ်မင်းကိုညွန့်ဟန် နိုင်ငံတော်အား ပုန်ကန်နေသည်ဆိုသည့် တစ်ချို့သတင်းများကိုလည်း ဖုံးနိုင်ပေမည်။"စားလို့အရမ်းကောင်းတာပဲ ကိုကိုညွန့်မျက်နှာလေးကြောင့်စားဝင်တယ်ထင်ပါရဲ့...... "
ပြီတီတီရုပ်လေးနှင့် ပန်းသီးစိတ်ကိုကိုက်ချလို့ စကားပြောနေသည့်ကောင်လေးအား အားတော်နာပါသည်။
'မင်းကိုချနင်းရလေအောင် လမ်းခင်းပေးလေတော့
အားမနာလေတော့ဘူး မောင်ရင်ရယ်.....'"အဲ့ဒါဆိုရင်များများစားပါလေ...."
"အရမ်းဝသွားမှာပေါ့.... မဖြစ်ဘူး မဖြစ်ဘူး....
မရခင်တည်းကတောင် ကိုကိုညွန့်က အိုင့်ကို လွှင့်ပစ်ချင်နေတာ..... ဝများ ဝလာလို့ ဝတုတ်ကြီးဖြစ်တဲ့အခါ....
အို.....မတွေးရဲတော့ဘူး......""ဘာရယ်ကြောင့်များ ကျုပ်နဲ့လက်ဆက်လိုတာလဲကွယ်...ကျုပ်မှာ မင့်လောက်လဲချမ်းသာမှုမရှိသလို၊ ဂုဏ်ပကာသနလဲမရှိပါဘူး..."
"ခင်ဗျားမှာဘာမှမရှိဘူးဆိုပေမယ့် အိုင့်နှလုံးသားမှာတော့ ခင်ဗျားရှိနေတယ်... ကျုပ်ကခင်ဗျားရဲ့ဂုဏ်ပကာသနဖြစ်ပေးမယ်လေ ဒါဆိုရင်ရော ကျုပ်နဲ့လက်ဆက်လိုပါရဲ့လား..."
ရွှေကျီပန်းကန်ထဲလက်လှမ်းနေရင်းမှ ထိုသို့ပြောလာပါသော သူ။ လက်သုတ်ပဝါဖြင့်လက်သုတ်နေလေ၏။
"မစားတော့ဘူးလား.....အသားရောင်အတုံး၊အတုံးတွေနဲ့ ဗမာမုန့်စားချင်တာဆို...မင့်ပြောတဲ့
ရွှေကျီတွေ စားလေ...."
YOU ARE READING
ရှေးရေစက် (Completed)