"ရှေ့တစ်ပြဆိုရင် ဗမာပြည် ရမ်ဂူးပင်လယ်ဝကို
ရောက်ပြီ....."သဘော်၏မုခ်ဦးထိပ်တွင်ရပ်ကာ ပင်လယ်ပြင်ကြီးအားကြည့်နေရင်း အသံပိုင်ရှင်အား အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းသာငြိမ့်ပြမိသည်။ ကြင်သူနှင့် တွေ့ရဖို့အရေး တွေးကာနေရင်း ရင်းတွင်းတစ်နေရာ၌ တသိမ့်သိမ့်လှုပ်ခတ်နေတော့သည်။
"အရေးပိုင်မင်း လျန်.....
ဘာတွေများဆွေးနေပါသလဲ....."ထိုအသံသည် ဘေးတွင်ရပ်နေသော လူဆီမှမဟုတ်လေပဲ အနောက်ဘက်မှ ထွက်ပေါ်လာလေခြင်းပေ။ ချာလီဆိုသည့် သူသည် လူကို မခံစားနိုင်လောက်အောင် ဒေါသစကားတို့ဆိုတတ်သူမို့ သူ့အား တကယ်မမြင်ချင်ပေ။ သို့သော်လည်း တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွားနေရသူတွေမို့ မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို စကားပြန်ရပေဦးမည်။
"ဘယ်အရေးကြောင့်များ ဗမာပြည်ကို အုပ်ချုပ်ဖို့ရာရွေးချယ်ရပါသလဲ မစ္စတာဇလျန်ထောင်း....."
"အချစ်ရှိရာအရပ်မှာ လူသားတိုင်းနေချင်၊ ပျော်ချင်ကြတာပဲမဟုတ်လား ... အရေးပိုင်မင်းမစ္စတာချာလီ့လို အချစ်ရှုံးသမားကို အချစ်အကြောင်းပြောဖို့ရာလဲ ခက်သားဗျ...အချစ်ကိုအလေးမထားတဲ့ ခင်ဗျားက နာလည်လိမ့်မည်လဲမထင်ပေါင်......"
"Fuck you...တောက်စ်....."
ဆဲရေးတိုင်းထွာပြီးနောက် ဒေါသတကြီးတောက်ခေါက်ခါ ထွက်သွားလေသည့် ချာလီ့ အား ကြည့်ကာ မဲ့ပြုံးသာပြုံးလိုက်မိတော့သည်။
တည့်တည့်ပြောမိ၍ အရှိုက်ထိသွားခြင်းနေပါလိမ့်မည်။"အာကို ခင်ဗျားသူ့အချစ်ကို လက်ခံလိုက်စမ်းပါ...ကျုပ်ကိုအမြဲရန်စနေတာ ဘယ်တော့မှ ငြိမ်းအေးမလဲလေ စိတ်နဲ့မထင်တဲ့တစ်နေ့တော့ ကျုပ်လဲ လူသတ်မိမှာသေချာနေပါပြီ....."
"ကျုပ်လူတိုင်းကိုမချစ်ဘူး ဇလျန်...."
အဖြေစကားကြောင့် တကယ့် သက်ပြင်းသာချလိုက်မိပါတော့သည်။ ချာလီနှင့်အတူ အရေးပိုင်မင်းရာထူးဖြင့် ဗမာပြည်သို့ ပြန်လည်ခြေချဖြစ်သည်။ အသက်၁၆နှစ်တွင် တစ်ကြိမ်သာ ဆုံခဲ့ရသူနှင့်ပြန်ဆုံဖို့အရေး ဖိလစ်ကိုမေးခဲ့ဖူးသည်။
YOU ARE READING
ရှေးရေစက် (Completed)