Part-9.2(U &Z)

6.9K 458 39
                                    

မဂ်လာဆောင်အခမ်းအနားဟူသည်
ရိုးရှင်းပါသည်။ ယောကျာ်းနှစ်ယောက်၊ အထူးသဖြင့်အာဏာရှိသော အမျိုးသားနှစ်ဦး၏ မဂ်လာဆောင်တွင် ရုံးဋ္ဌာနများမှ ရင်းနှီးသည့် လူများသာဖိတ်ကြားဖြစ်လေသည်။ မုန့်အနည်းငယ်နှင့် ကာဖေးတိုက်ကာ အသိပေးရုံသာ။ အတင်းအဖျင်းပြောနေကြသူများ၊ သူဋ္ဌေးအချို့၏ကတော်များနှင့် မိန်းမအချို့အား လစ်လျူရှူပြီး ကိုကိုညွန့် လက်ကိုဆုပ်ကိုင်ခဲ့သည်။ သူ၏အလိုမကျမှုများမှာတေ့ာ တည်တင်းသောမျက်နှာထားအဖြစ်တည်ရှိနေသည်။
တိုက်ပုံဝတ်ရခြင်းမှာ ကို့ရို့ကားယားနိုင်နေရတဲ့အထဲ သူ့မျက်နှာက ကမ္ဘာပျက်နေ၏။

"နည်းနည်းလောက်ပြုံးထားလို့ရလေမလား....
အမှုစစ်ခုံရုံးလည်းမဟုတ်လေသလို အသုဘအခမ်းအနားလည်းမဟုတ်လေဘူး......"

ခပ်ပြုံးပြုံးနှင့်သာ လက်ကြိတ်တိုးရန်ဆောင်မိလေတော့ မျက်ဝန်းစူးစူးရဲရဲတစ်စုံမှာ ငဲ့စောင်းကာကျလာ၏။

"မဂ်လာအချိန်အခါမှာ အပုပ်စကားတို့ ဘာကြောင့်ဆိုလေသလဲ အရေးပိုင်မင်းဇလျန်......"

"မလိုချင်လဲ အိုင့်ကိုယူရမယ် ကိုညွန့်ဟန်.....ဒါအမိန့်ပဲ ပြုံးထားလှည့်....."

"ပြုံးထားလျက်ပါ နှလုံးသားတော့အသုံးမချပဲနဲ့ပေါ့..."

"နှလုံးသားမပါလဲရတယ် ကိုညွန့်ဟန်ဖြစ်နေလို့ကို
အဆင်ပြေတယ်..."

"ကျုပ်နှလုံးသားတံခါးက မင့်အတွက်ရာသက်ပန်ပိတ်ထားတယ်ဆိုရင်ရော..."

" ခင်ဗျားဆိုတဲ့လူ ထာဝရပျောက်ကွယ်သွားတဲ့နေ့မှ တံခါးမှူးဘဝကိုစွန့်လွှတ်မယ်လေ... ကျုပ်အချစ်ကိုစော်ကားချင်သေးလား..."

"နှုတ်သီးခေါင်းလျှာပါး စကားတွေတတ်နေပါရော
မျက်နှာဖြူလေးရယ်..."

"ချစ်မိခဲ့တာကို မြို့အုပ်မင်းရယ်..."

ဟက်ခနဲအသံမြည်အောင် သူလှောင်ရယ်လေသည်။

ကျုပ်အချစ်က ခင်ဗျားအတွက် ဟာသတစ်ခုဖြစ်စေသလား ကိုကိုညွန့်ရယ်။ လူရွှင်တော်ဖြစ်တဲ့ကျွန်တော်က ပြဇာတ်ရဲ့ဇာတ်လိုက်ဆိုတာလဲ မမေ့လျော့လေနဲ့ဦး။

ရှေးရေစက် (Completed)Where stories live. Discover now