တာရာထွက်သွားပြီးနောက် ရုံးခန်းအတွင်းတစ်ယောက်တည်းကျန်ခဲ့တော့သည်။ နာရီလက်တံရွေ့လျားမှုတို့ကမြန်ဆန်လွန်းသည်။ မြတ်နိုးရောက်မလာသေးသည်မို့ ပျင်းဖို့တော့ကောင်းနေသည်။
သူမရုံးလာလျှင်လည်း သူမ၏ချစ်စရာ့သူငယ်ချင်းလေးစျာန့်အကြောင်း နားငြီးမတတ်ပြောပြတတ်သည်။ သူဋ္ဌေးနှင့်
အလုပ်သမားဆိုသော်လည်း သူမနှင့်ကျွန်တော်သည်က မောင်နှမများလိုခင်မင်နေလေပြီ။ ချက်ချင်းလက်ငင်း အမကြီးတစ်ယောက်ကောက်ရလိုက်သလိုပင်။"မြတ်နိုး ရုံးမလာသေးဘူးလား....."
တွေးနေရင်း ဖုန်းဝင်လာသည်ကြောင့် ကိုယ်ကပဲဦးစွာအမြန်မေးလိုက်သည်။ ထိုသို့မမေးပါလျှင် ခိုငြီးသံလို တအီအီနှင့် စက်ရုံလာသည့် လမ်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည်များကို မရပ်မနားပြောတော့မည်ကို သိ၍ပင်။
"ငါဆက်တာ...."
မြတ်နိုးဖုန်းဖြင့်
တာရာ့ အသံကြားလိုက်ရသည်။ ကိုယ်ပဲအကြားအမြင်အာရုံမှားကြည့်မိသွားသည်လား အတွေးဖြင့် နားနားကပ်နေသည့်ဖုန်းအား မျက်ဝန်းများရှေ့သို့ပို့လိုက်သည်။ လက်ပစ်ဗုံးတစ်လုံးကိုကိုင်ထားလိုက်ရသူလို အံသြမှုက သြချမတတ်ဖြစ်သွားရလေသည်။"တာရာ......"
"ငါ မမ ကို ပြောစရာလေးရှိလို့ မနက်စာလည်းမစားကြရသေးတော့ ဆိုင်အတူထိုင်ဖို့ ခေါ်သွားလိုက်တယ်....
မနက်စာစားပြီးတာနဲ့ စက်ရုံကိုပြန်လာမယ်....ဒါပဲ......"ကားမောင်းနေသည့် တာရာ တစ်ယောက်ဖုန်းချပြီးသည်နှင့်
မြတ်နိုးရှိရာ Lover seatဘက်သို့လှည့်၍ ဖုန်းကိုကမ်းပေးရင်း အပြုံးများအား ဖောဖောသီသီပစ်ကျွေးနေလေသောကြောင့် တစ်ဖက်အခြမ်းမှအပျိုကြီး ရှက်သွေးဖြာနေလေတော့သည်။"မမ က အဆောင်မှာနေတာဆို....."
"ဟုတ်တယ် သူဋ္ဌေး...အယ် ဟို..."
အပျိုကြီးတစ်ယောက် တစ်ဖက်ခြမ်းသို့လှည့်ကာ ခပ်ဟဟပြုံးရင်း ဘယ်သို့၊ဘယ်လို ခေါ်ရမည်လဲ အကျပ်ရိုက်နေလေတော့သည်။ တစ်ဖက်ခြမ်းမှ အဆင်လေး၏
အပြုံးရိပ်တို့ကြောင့် သူမရင်တွေခုန်နေမည်က သေချာပါသည်။
YOU ARE READING
ရှေးရေစက် (Completed)