"တောင်းပန်ပါတယ် တကယ်ကိုတောင်းပန်ပါတယ်..."
"ဘာကိုတောင်းပန်တာလဲ... "
"အိပ်မက်တွေကို ပြောင်းပစ်ခဲ့မိလို့လဲ တောင်းပန်ပါတယ်.....
ဇလျန်နဲ့ မနီးစပ်စေချင်ယုံပါ....
ဒါပေမယ်ဗျာ...ကံကြမ္မာက ဆုံခွင့်ပေးလိုက်တယ်ထင်ပါရဲ့""ကျုပ်တို့ကို ခင်ဗျားတို့ခွဲလို့မရပါဘူး....."
တည်တင်းနေသောမျက်နှာထားနှင့် တာရာသည်
မာန်ဖီကာ တောကောင်တို့ကို ဟိန်းဟောက်ခြောက်လန့်နေသည့် ကေသရာဇာခြသေ့်မင်းလို မျက်နှာထားဖြင့် စွန်ရဲလိုမျက်ဝန်းများစူးရှစွာပင် ဂျောနသန်အားစိုက်ကြည့်နေသည်။"ကျုပ်တို့မခွဲပါဘူး...ခင်ဗျားတို့ကို ကံဇာတ်ဆရာက
ကံကြမ္မာသတ်မှတ်ပေးပြီးသားပဲလေ......"မျက်လွှာကိုချထားတဲ့ ဂျောနသန်သည် ယခင်ကသိပ်ကိုဝင့်ကြွားလွန်းပြီး အရိုင်းဆန်လှသော အရေးပိုင်မင်းနရင်းဆိုသူမှဟုတ်ရဲ့လားဟု တွေးမိသည်။ မာန်စွယ်ကြိုးနေသည့် ဆင်ရိုင်းတစ်ကောင်နှင့်ပင် တူနေတော့သည်။
"ကိုညွန့်ဟန် သီဟက ချာလီပဲ......."
နီးဖ်၏အပြောအား ခပ်ပါးပါးသာပြုံးလိုက်ပါသည်။
"ကောင်းတာပေါ့...မိတ်ဆွေဟောင်းတွေပြန်တွေ့ရတာ ပျော်စရာပဲလေ....အခုဆို မိသားစုတွေအဖြစ်တောင် ပြန်ဆုံကြတာမကောင်းလေဘူးလား......
ဇလျန်ထောင်းဆိုတဲ့ အရိုင်းအဆိုင်းလေးက
အခုဆို ကျုပ်သိပ်ချစ်ရတဲ့ ကျုပ်ချစ်သူအပုလေး.....
ဘွဲ့ထလျန်ဆိုတဲ့ အာကိုကလည်း ကျုပ်ရဲ့အကိုဖြစ်လာတယ်....ဇလျန့်သူငယ်ချင်းလေးဖြစ်တဲ့ ခင်မေကလည်း မြတ်နိုးအဖြစ်နဲ့အနားမှာရှိနေတယ်......
အရေးပိုင်မင်းချာလီကလည်း အခုဆိုကျုပ်ညီသီဟတဲ့လား......မကောင်းပေဘူးလားဗျာ...."စကားလည်းဆုံးရော လုပ်ရယ်ကြီးဖြင့် တဟားဟားနှင့်ရယ်လိုက်မိပါသည်။ တကယ်တော့ ကျွန်တော်လဲ ကံကြမ္မာဆိုသည့်အကောင်အား သေမလိုကြောက်ပါ၏။
"ကောင်းတာပေါ့ မြို့အုပ်မင်းရယ်...
သိပ်ကောင်းပါတယ်....ခင်ဗျားမသိတဲ့အမှန်တရားတွေကလဲ
ရှိနေတယ်ဗျာ......"
YOU ARE READING
ရှေးရေစက် (Completed)