Part - 8 (U & Z)

6.3K 529 55
                                    

သံတိုင်တွေကြားထဲရောက်ရှိနေသော ကိုကိုညွန့်အား သွားတွေ့ချင်သော်လည်း မသွားဖြစ်သေးပါ။ ဖိလစ်ပြောသည့်စကားအရ အိမ်တော်ထဲငြိမ်နေသည်မှာပဲ ကောင်းသည်ဟုတွေးထားလိုက်သည်။ဘိုးဘ်ိုးကြီး
တစ်ယောက် ဒေါ်သူဇာဆိုသည့် ကိုကိုညွန့်၏
ယောက္ခမတော်ဘွားအေဖြစ်သူနှင့် စကားသွားပြောနေသည်မှာ နေ့လည်ခင်းတည်းမှဖြစ်လေသည်။
ညနေခင်းပင်ရောက်ကာ နေပင်စောင်းနေလေပြီ ပြန်ရောက်မလာသေးချေ။

"အာကို...."

စာအုပ်ဖတ်နေရာမှ ခေါင်းငဲ့စောင်းလို့ မော့ကြည့်လာလေသည်။ သူ့မှာအေးချမ်းစွာနေထိုင်သော်လည်း ကိုယ်တိုင်ကတော့ မအေးနိုင်ပေ။ လင်ရဖို့အရေး တွေးပူနေရသည်။

ပိုင်ဆိုင်ရတော့မည်ဆိုသည့်အသိသည် ပျော်တစ်ဝက်၊ ဝမ်းနည်းတစ်ဝက်ဖြစ်စေသည်။ သူ့ဘဝတစ်စိတ်၊တစ်​ဒေသတွင် ကိုယ်ပါဝင်ခွင့်ရသည်ကြောင့် ပျော်ရသည်။ ကိုယ့်ကိုမချစ်သေးသည်ဆိုသည့်အသိမှာလည်း ဝမ်းနည်းခြင်းကို နှလုံးသွေး၌ခံစားရစေသည်။

"ပြောလေဇလျန်....ခေါ်ပြီးမပြောတော့
စာအုပ်ပြန်ဖတ်နေရမလား........"

"သူ အိုင့်ကိုချစ်လာပါ့မလား....."

"အချစ်ခံချင်ရင်တော့ နရင်း ကို ရွေးချယ်လိုက်လို့ပြောချင်တယ်...နရင်းက မင်းကိုတကယ်ချစ်ရှာပါတယ်....."

သက်ပြင်းကိုလူမသိအောင်ချရင်း အာကိုစကားဆက်ဆိုလေသည်။

"ဘာမျှော်လင့်ချက်မှမပါပဲ ချစ်​ခြင်းမေတ္တာတွေပေးချင်ရင် ကိုညွန့်ဟန်ကိုရွေးချယ်ပေါ့....
သူ့ဆီကမေတ္တာလိုချင်ရင်တော့ ဘယ်လိုလုပ်မှရလေမလဲမသိဘူး... လူကိုလိုချင်ရင်တော့ အာဏာနဲ့လုယူ........"

"ကိုကိုညွန့်ရဲ့အချစ်ကို လိုချင်တယ် အာကို.....
အိုင့်ကို ကူညီမယ်မဟုတ်လားဟင်......"

ဒီကောင်လေးဟာလေ ရင်ဝကိုဆောင့်ကန်သည့် စကားတို့ကို သိပ်ပြောတတ်သည်။ စနက်တန်လွတ်သော လက်ပစ်ဗုံးတစ်ခုကို ကိုင်ထားရသလိုပင်
ဇလျန့်ကို ချစ်ရသည်ကလည်း သိပ်ကိုရင်မောရပါသည်။ တစ်ဖတ်တည်းက ချစ်နေမိတဲ့အချစ်တွေကို အခြားတစ်ဖက်မှ မချစ်လေပဲ ရက်စက်ခြင်းလက်နက်တွေနှင့် သတ်နေတတ်တာမို့ တစ်ဖက်သတ်အချစ်လို့ခေါ်ခြင်းထင်သည်။

ရှေးရေစက် (Completed)Where stories live. Discover now