Part - 2 (U&Z)

11.9K 812 181
                                    

Rangoonမြို့၏အချက်အချာကြသော
ကုန်တင်၊ကုန်ချ၊
ခရီးသည်တင်၊ခရီးသည်ချ၊ နိုင်ငံရပ်ခြားတိုင်းတစ်ပါးတွင် ပညာသင်ရန် အမိမြေအား ခေတ္တ စွန့်ခွာတော့မည့် လူတို့၏
ခေတ္တနားနေရာဖြစ်သော အိန္ဒယလူမျိုးပိုင်သော ကဖေးဆိုင်ကြီးတစ်ခုတွင် မိသားစုလေးယောက်ထိုင်နေကြသည်။

"လူလေးမောင်ညွန့်ဟန်..... အစအစအရာရာ ဂရုထားပါကွယ်.... အမတော့ မောင်ညွန့်ဟန်လေးကို စိတ်မချလေဘူးတော်....."

"သားလူလေးညွန့်ဟန် ဘုရား၊တရား မမေ့လေနဲ့ကွယ်...."

အဘနှင့်အမအမှာတော်ပါးနေသည်များကို ဂရုထားကာ
တစ်လေးတစ်စားဖြင့် နှုတ်မွတ်ချိုသာစွာ ပြန်လည်ဖြေကြားပြီးသည့်နောက် ချစ်ရသည့် ခင့်ရဲ့ မျက်နှာလေးအား
မော့ငေးကာကြည့်လိုက်မိပါသည်။ ထိုမိန်းမပျိုလေးနှင့်
ဤယောကျာ်းပျိုတို့ ခေတ္တမျှခွဲခွာရပေဦးမည်။

"ခင်...အမောင့်ကို ဘယ်လိုအကြောင်းအရာတွေများ
အမှာစကားဆိုချင်သေးလဲကွယ်......"

"ကိုကိုညွန့် ဘေးအန္တရာယ်ကင်းကင်းနဲ့
အိမ်ပြန်လာချိန်စောင့်နေပါ့မယ်........
လူဖြူမလေးတွေကို ဥပေက္ခာထားပြီး
ခင့်ကိုသတိရနေပါ......"

လက်ကလေးနှစ်ဖက်သည် လိမ်ရှက်လို့ ခေါင်းလေးငုံ့လျှိုးကာ မဝံ့မရဲလေးစကားဆိုနေသူ ခင်ကရှက်နေသည်ထင်ပါရဲ့။ သနပ်ခါးရေကျဲ ဝါဝါညက်ညက်လေး ဖုံးလွှမ်းထားသည့် ခင့်ပါးပြင် ခက်မို့မို့လေး ရဲပတောင်းခပ်နေလေသည်။

"စိတ်ချပါလေ ခင်ရယ်....လူဖြူမလေးတွေက ခင်လောက်မှ
သိမ်မွေ့မှုမရှိလေရာ အမောင် ဂရုပြုရန်မစဥ်းစားပါလေ.....
ကျန်းမာရေးဂရုစိုက်လို့ အမတို့ဆီ မကြာ၊မကြာလာလည်ချေ.... ထိုမှသာလည်း ခင်ဆိုတဲ့ သူကြီးသမီးက
မောင်ညွန့်ဟန်ရဲ့ အပျိုလေးလို့ လူတိုင်းသိသွားမယ်လေ

ဟုတ်လေစ အမ...ဟင်......"

"ဟုတ်စ ဟုတ်စ မောင်ညွန့်ဟန်ရေ....
မှန်ကန်လွန်းလေရဲ့...... "

ခင့်ကိုကြည့်ရင်း စကားတို့ဆိုလိုက်ပြီးနောက် အမအားလည်း လှမ်းမေးရသေးသည်။ ခင့် ကိုလိုချင်နေသည့် သူကြီးသားတွေများလွန်းပါဘိ။ သက်န်းကျွန်းမြို့က မြို့အုပ်မင်းလောင်းလျာမှာလည်း ခင်ရီ့အား မျက်စိကျနေသည်။ အမောင့် ရင်ဝယ် ပူလှပါဘိ။ ရိုးစင်းလွန်းသည့် ခင့်မှာ ထိုအချင်းကိုမသိပေ။ ဤအခြင်းအရာကြောင့်လည်း အပျိုလေးခင့်ကို လူပျို့အိမ်မယ် လူပျိုမရှိသေးခင် ကြီးတော်တို့၊ ဘကြီးတို့ဆီ အလည်အပတ်လာစေချင်မိသည်မှာလည်း ကျုပ်ဝန်တိုစိတ်နဲ့ပြောဖြစ်ခြင်းပေ။

ရှေးရေစက် (Completed)Where stories live. Discover now