Extra

2.9K 225 22
                                    

'ကျွန်တော်ဟာ ဇလျန်ထောင်းဘဝကနေ လူဝင်စားဖြစ်ခဲ့တဲ့ စျာန်ဆိုတဲ့ (မောင့်ရဲ့အပုလေး)ပါ...'

မောင်နဲ့ချစ်သူမဖြစ်သေးခင်က
ကျွန်တော်အိပ်မက်မက်ခဲ့ဖူးတယ်။ အိပ်မက်ထဲမှာ မောင့်နာမည်က ကိုကိုညွန့်တဲ့လေ။ သိပ်ရက်စက်တယ်လို့ထင်ခဲ့ပါတယ်။ တစ်စက်ကလေးကို လှည့်ကြည့်မခံခဲ့ရပဲ အမြဲအဆူခံနေခဲ့ရလို့ပေါ့။ အိပ်မက်ထဲက ကိုကိုညွန့်ဟာ လူဆိုးကြီးပါ။

မောင်နဲ့ချစ်သူတွေဖြစ်ကြတဲ့အခါ မောင်က သိပ်ကိုဂရုစိုက်ရှာတယ်။ နားမကြား၊စကားမပြောတတ်တဲ့ ကျွန်တော့်ကို မောင်ကလေ အချစ်မလျော့ခဲ့ပါဘူး။ ဆရာဝန်တွေအစုံနဲ့ပြပေးခဲ့တယ်။ ကုသပေးခဲ့တယ် ဒါပေမယ့် ကုသလို့မရခဲ့ဘူး။
ဘယ်တတ်နိုင်မလဲ ကံကြမ္မာက ဒီလိုဖန်တော့လဲ ရှိစေတော့ပေါ့။

"မောင် က ချစ်နေမယ်ဆိုတဲ့ စကားကိုလဲပစ်ယုံ ခဲ့တာပါပဲ..."

ဝေဝေဝါးဝါးအိပ်မက်တွေဟာ ဘာအကြောင်းတွေမှန်းမသိခဲ့။ မောင်နဲ့နီးဖို့ အကြောင်းဖန်ပြီး ပေါင်းဖက်ဖို့အထိဖြစ်လာခဲ့ပြီ။

မောင် က သူ့ကိုလက်ထပ်ဖို့ အထာတွေပေးခဲ့တော့ ခေါင်းငြိမ့်လိုက်ရတာပဲ။ ဘယ်တတ်နိုင်မလဲ မောင်ကသနားဖို့ကောင်းတယ်လေ။
ရင်ခုန်သွားခဲ့တာကလဲ ငြင်းမရဘူး။ရည်းစားရသွားတဲ့ခံစားချက်ကလဲ တကယ်ပျော်စရာလေ။

"ငြင်းခဲ့မိရင် မောင်က  ကားတင်ပြေးတာ ဘာညာနဲ့ လုံးဝရိုမလားမသိဘူးနော်..."

အဲ့သလိုမှန်းသိရင် ခဏတော့မူပြခဲ့ပါတယ်။

မောင်ကလေ သူဟာကိုကိုညွန့်ဆိုတာကို သိနေခဲ့လေရဲ့။
မောင်တို့မိသားစုရဲ့ အဘိုးပိုင်တဲ့စာအုပ်လေးထဲကအကြောင်းတွေ မောင်ဖတ်ပြခဲ့စဥ်က ငိုလိုက်ရတာ 'ဇလျန်'ဆိုတဲ့ ကောင်လေးကိုသနားလို့။

"အဲ့လိုငိုမိတော့ သူ့ရင်ခွင်ထဲပွေ့ပိုက်ပြီး ချော့မော့ကာရယ် မျက်ရည်သုတ်ပေးမယ့်မောင်ရှိနေလို့တော်သေးတာပေါ့..."

မဂ်လာဆောင်တဲ့နေ့က ဦးစိုးလွင် လိုက်နှောက်ယှက်လို့ ကားကြီးတံတားအောက်ကျသွားခဲ့ရတယ်။ ကိုယ်တိုင်ကသေခဲ့ပြီထင်နေခဲ့ပါသော်လည်း မောင်က ကျွန်တော့်ကို ကယ်တင်ခဲ့တယ်။

ရှေးရေစက် (Completed)Where stories live. Discover now