"ကော်ဖီတော့ဖျော်တိုက်မယ်မဟုတ်လား....."
စားပွဲဘေးလာရပ်နေသည့် သူ၏အကျီစလေးကိုဆွဲကာ ခပ်ချွဲချွဲ မေးလိုက်မိ၏။ မကြားသော်ငြား အမူအရာကိုကြည့်၍သိနေပါလိမ့်မည်။
ခေါင်းကြီးမော့ကာ နှုတ်ခမ်းကြီးထော်လို့ မျက်တောင်များပုတ်ခတ်ပုတ်ခတ်ဖြင့် ပါပီလေးများ သခင်ကိုကပ်ချွဲနေသလို၊ သခင့်ဘေးကပ်ချွဲနေသော ကြောင်လေးတစ်ကောင်ပမာ။ သူ ၏ဗိုက်သားပြင်တို့ကိုမှီတွဲလို့ မော့ငေးကြည့်ကာ ကော်ဖီသောက်ရရေးအတွက် ရွတ်ရွတ်ချွန်ချွန် သနားစရာရုပ်မျိုးစုံဖြင့် ကြိုးစားနေမိသည်။
'သူသာပြုံးမယ်ဆိုရင် ဒီထက်မကလဲ
ဆက်ချွဲသွားဖို့ အစီအစဥ်ရှိပါတယ်....'ရယ်ချင်စ်ိတ်လေးကိုပင် ထိန်းချုပ်ထားပုံလေးက ဘယ်လိုချစ်ဖို့ကောင်းလိုက်ပါလိမ့်။
ဤမြင်ကွင်းလေးအား ဘယ်သူမှမြင်နိုင်မည်မဟုတ်သော အလှတရားတစ်ခု။ ပါးချိုင်းလေးနဲ့ယှဥ်တွဲပေါ်လာသော သွားတက်ကလေး။
ကိုယ့်ကြောင့်ဖြစ်တည်လာသော သူ၏ပျော်ရွှင်မှုအတိပြီးသော မျက်နှာထားလေး။
'ဒီကောင်တော့မင်းစိတ်နဲ့အသက်ဆက်ရတော့မယ်ထင်ပါရဲ့ကွာ...'
သူ၏လက်ငြိုးကြီးကိုကြည့်လိုက်မိရာ ခြင်းတောင်းအနီလေးထဲအစီအရီထည့်ထားသည့် အထုပ်လေးများကိုတွေ့ရသည်။ နာမည်တစ်ခုတွေ့ရပြီး ကော်ဖီမစ်စ်ဟုရေးထားသည်။ သူ၏ဗိုက်သားများအား မှီထားသည်ကို မတ်မတ်ပြန်ထိုင်လိုက်ရင်း လှုပ်ရှားမှုအမူအရာလေးများကို လိုက်ကြည့်နေမိ၏။ ခွက်တစ်ခုထဲ အထုပ်လေးတစ်ထုပ်ကို ဖောက်ကာထည့်သည်။ ပြီးတော့ ရေနွေးထည့်သည်။
ဗူးတစ်ခုကိုဖွင့်လို့ ဇွန်းကိုထုတ်ကာ ထိုခွက်ထဲထည့်လို့ မွှေနေ၏။'အဲ့တာတကယ်သောက်လို့ကောင်းတာလား....'
'ကော်ဖီက အဲ့ဒီလိုမျိုးလား....'
မွှေနေရင်းမှရပ်သွားလေသည်။ ဇွန်းလေးက နှုတ်ခမ်းဝရှေ့သို့ မြင့်တက်လာ၏။ မေးလေးငေါ့ပြလေသော သူ့အား မမှိတ်မသုန်ကြည့်နေမိတော့ မျက်မှောင်တို့ကြုံ့ပြလာပြန်၏။
YOU ARE READING
ရှေးရေစက် (Completed)