ရှေးရေစက်လေးကို ဖတ်ပြီးနောက် စာဖတ်သူလေးတို့
ကိုယ်တိုင်ပုံဖော်ထားတာလေးနဲ့ ဒီ Cover လေးက တူရဲ့လား...?
အချိန်တွေအများကြီး ကြိုးစားပုံဖော်ခဲ့ရတဲ
ရှေးရေစက်Fictionလေးက အကြောင်းအမျိုးမျိုးကြောင့် စာအုပ်ထွက်ဖို့ ကြန့်ကြာခဲ့ရပါတယ်...အခုဆိုရင်တော့
တကယ့်ကို ထွက်ရှိလာနိုင်ခဲ့ပါပြီ... လက်ဆောင်လေးတွေလည်းပါလို့ စာလေးကို အဆုံးထိဖတ်ပေးနော်...
"ရှေးရေစက်" ဆိုတဲ့ စကားစုလေး...
အချစ်ကြီးလွန်းတဲ့ သူတိုင်းမှာ ဆုတောင်းလေးတစ်ခုရှိကြမှာပါ... ဘဝဆက်တိုင်း၊ဆက်တိုင်း သူ့ရဲ့သက်ဆိုင်တဲ့သူသာ ဖြစ်ခွင့်ရချင်ပါတယ်ဆိုတဲ့ ဆုတောင်းကိုရော စိတ်ရော
ကိုယ်ပါ နှစ်ပြီးဆုတောင်းဖူးကြလား... ?
ဘယ်လိုပုံစံမျိုးနဲ့မဆို သူ့အနားနေချင်ပါတယ်ဆိုတဲ့
စိတ်ရော ဖြစ်ဖူးကြလား...?
ဒီစာအုပ်လေးထဲမှာတော့ အရမ်းကိုချစ်တတ်ကြတဲ့
လူသားလေးတွေရှိတယ်...
လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ကျော်က သံယောဇဉ်လေးနဲ့အစပြုတဲ့ အချစ် နဲ့ ရေစက်တွေ၊ဆုတောင်းတွေကြောင့် သူတို့တွေ
ပြန်ပြီးတွေ့ဆုံကြရတဲ့အခါ ဘယ်လိုပုံစံလေးဖြစ်နေကြမလဲ...?
လွန်ခဲ့တဲ့နှစ်၁၀၀ ကျော် အချိန်တုန်းက
အစ်မဖြစ်သူရဲ့ သက်ဆိုင်သူကိုမှ ချစ်ခဲ့မိတဲ့ မခင်မေ...
ညီမရဲ့ စိတ်ကို အကြောင်းစုံသိပေမယ့် အခြားအရာတွေပေးနိုင်တယ် အချစ်ကိုတော့မပေးနိုင်ခဲ့တဲ့ မခင်ရီ...
အဲ့ဒီအမျိုးသမီးလေးတွေရဲနတ်ဖူးစာရေးချိန်မှာ တကယ်ပဲ ကိုကိုညွန့်နှလုံးသားအတွက် ပြောင်းလဲသွားခဲ့သလား...
သူ့ကိုချစ်တာပါလို့ထင်ရလောက်တဲ့အထိ ဖြစ်သွားခဲ့တဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်း...
ဒါဆိုရင် ဇလျန်ထောင်းကရော ဘာလဲ ၊ ဘယ်သူလဲ...?
သူကရော မြို့အုပ်ဝန်မင်း နဲ့ဘယ်လိုတွေပတ်သတ်မှာလဲ ...?
STAI LEGGENDO
ရှေးရေစက် (Completed)