မြတ်နိုးတစ်ယောက်စိတ်တိုနေ၏။ လေပူတို့ကိုမှုတ်ထုတ်နေပုံက နဂါးမလေးဆိုပါလျှင် PaNa Hillon Hotelရှိ သူဋ္ဌေးတာရာ၏ ရုံးခန်းတစ်ခုလုံး ပြာကျနိုင်ပါသည်။ သူတစ်ဦးတည်း စိတ်တိုနေသော်လည်း မျက်နှာချင်းဆိုင်မှ ထိုင်နေသူ တာရာကတော့ ဖုန်းကိုကြည့်လျက် ပြုံးနေလေသည်။
စျာန်နှင့်သူရိန်လည်း ခေါင်းခြင်းဆိုင်ကာ
လက်ပ်တော့ပ်ကြည့်နေလေသည်။"ဦးငယ်.... စျာန် က လက်ထပ်စာချုပ်မှာ
လက်မှတ်ထိုးပေးထားတယ်....
ပြုံးနေနိုင်သေးတယ်လား.....? "ဤသို့ပြောလိုက်သည်ကိုပဲ ညို့ယူဖမ်းစားသလို
အပြုံးမျိုးဖြင့်ပြုံးနေပြန်၏။"ကျွန်မတကယ် စိတ်တိုနေတာ အဲဒီ့
ဓာတ်ပုံရတဲ့နေ့တည်းက စျာန့်ကို မေးချင်တာ......
ပြီးတော့ အော်ဟစ်ပြီးဆူပစ်ချင်ခဲ့တာ......
သူ မကောင်းမှန်း...သစ္စာမရှိမှန်းသိနေတာတောင်
လက်မှတ်ထိုးပေးလိုက်တယ်တဲ့........"တရှူးရှူးနဲ့ ဒေါသထွက်နေပြီး မျက်နှာတစ်ခုလုံးသည်လည်း ချယ်ရီသီးပမာ ရဲတွတ်ကာရယ် မြတ်နိုး၏ အလိုမကျမှုများမှာ ထင်သာမြင်သာရှိနေလေတော့သည်။
"အာ.......စိတ်တွေတိုလိုက်တာ....
သွေးပါတက်ချင်လာပြီ......."အသံတိတ်နေသော တာရာသည် ဖုန်းကိုသာကြည့်ရင်း ပြုံးမြဲ ပြုံးနေဆဲ။
"ဘယ်လိုလုပ်မလဲ ဦးငယ်...
ဒါကြီးက ဒါကြီးကလေ......"မြတ်နိုးတစ်ယောက်ပေါက်ကွဲပြီး စကားတို့ကို စစ်သေနတ်ပစ်သလို တစ်တောက်တောက်နဲ့ပြောနေလေတော့သည်မို့ ရှင်းပြရတောမည်။
"အဲ့ဒါကြီးက ကျွန်တော်ကိုယ်တိုင်
လက်မှတ်ထိုးခိုင်းလိုက်တာပဲ...""ဘယ်လို......."
"သွားစရာလေးရှိလို့ ခွင့်ပြုပါဦး..."
တံခါးလက်ကိုင်အား ပျော်ရွှင်ကြည်နူးစွာ
အပြုံးချိုချိုဖြင့် ဖွင့်လျက် ပျော်နေသည့်
လက်တစ်စုံ၏အတွေးနှင့်အကြံများကိုလည်း
မည်သူမှမသိချေ။ထွက်ခွာသူ ချန်ခဲ့သော အခန်းလေးထဲတွင်
ဖုန်းမှ တုန်ခါမှုနှင့်အတူ စာဝင်လာသည့် တီးလုံးသံအား
ကြားလိုက်သူနှစ်ယောက်ရှိသလို ဖုန်းကောက်ကိုင်ကာ စဥ်းစားနေသည့်ကောင်လေးလည်းရှိသေးသည်။
أنت تقرأ
ရှေးရေစက် (Completed)