အနောက်မှကပ်ပါလာသည့် ညီဖြစ်သူ၏
တဆာဆာအော်နေသည့် ကျီးကန်းလိုအသံအား
လျစ်လျူရှူ့ကာ ရုံးခန်းဆီသို့ဦးတည်လိုက်သည်။ပြောစရာလား။ ကျွန်တော့်ရဲ့အောက်ဆီဂျင်လေးကိုများ၊
အရပ်ကလေးမဆိုသလောက်လေးပုတာကို
ပြောရက်လိုက်လေခြင်း၊
အပုလေးအရပ် ၅ပေကျော်ရှိသည်လေ။ပုလို့နုပြီး ၁၅နှစ်သားလေသလားပင်
ထင်ရလောက်အောင်
ချစ်ဖို့ကောင်းနေသည်မဟုတ်လား။
အနုပညာမျက်စိမရှိလေသည့် ကောင်။
ကျွန်တော်တို့စုံတွဲ ဘယ်လောက်လိုက်ဖက်သည်လဲ။
လက်မနဲ့လက်ငြိုးလို့ပြောလျှင်
အပုလေးကိုစော်ကားရာကြမည်။
တချို့ကိစ္စတွေကြ မနှိုင်းယှဥ်တာပဲကောင်းပါသည်။အခန်းဝရောက်နေပြီမို့ တံခါးဖွင့်လိုက်ပြီးနောက်
သူလေးအားလှမ်းကြည့်လိုက်ချိန် တံခါးရှိရာသို့
လှမ်းမျှော်နေသည့်အပုလေး၏မျက်ဝန်းများသည်
အရောင်တောက်သွားလေသည်။'အိမ်ပြန်လာချိန် မျှော်နေတဲ့ရည်းစားလေးရှိတယ်ဆိုတဲ့အရသာက ဒါမျိုးလား...'
ရှေ့စားပွဲခုံပေါ်မှ ထမင်းဟင်းများသည်က ရွှေစိတ်တော်လေးညိုးနေသည်ကိုမပြေနိုင်ပေလား။
'မောင့်လောက်စားလို့မကောင်းဘူး ဟုတ်တယ်မလား အချစ်ကလေး...'
အပြေးရောက်လာသည့် အပုလေးက ရင်ခွင်ထဲဝင်လို့ လုံးလာလေ၏။ အရပ်ပုနေသည်မို့ ရင်ခွင်ထဲသာ ဝင်နိုင်သည်ဟုမနှိမ်လိုပါ။ ရင်ခွင်ဆိုသည်ထက် ဗိုက်ပေါ်မကျတကျတွင် အပုလေး၏ခေါင်းလုံးလုံးလေးရှိနေသည်ကိုလည်း ဘယ်သူ့ကိုမှမပြောပြနိုင်ပါ။
ရင်ခွင်ထဲရောက်နေပြီး တော်တော်ကြာမှ မေးလေးထောက်လို့ ခေါင်းမော့ကာကြည့်ပြီး မျက်ဝန်းများဖြင့်မေးလေသည်။ ဘယ်တွေသွားနေတာလဲ။ သူ့အားဘာကြောင့်ထားခဲ့ရတာလဲ။ ဘယ်ကပြန်လာသည်လဲဆိုသည့် မေးခွန်းများစွာကို အပုလေး၏ အပြုံးများနှင့် မျက်ဝန်းလဲ့လဲ့လေးတွေကြား
တွေ့ရလေသည်။နှုတ်ခမ်းလေးမသိမသာထော်နေပုံကလည်း လူကိုပြုစားနေသည်လား မှတ်ရလောက်အောင် အပုလေးဆိုသည့် စုန်းထီးလေးသည် တကယ့်ကိုစွမ်းသည်။
BẠN ĐANG ĐỌC
ရှေးရေစက် (Completed)