Part - 19 (U & Z)

5.9K 573 20
                                    

တာရာနှင့်စျာန် ၊ မြတ်နိုးတို့သုံးယောက်လုံး သတိမေ့ကာအိပ်ပျော်နေကြသည်က ယနေ့ထိဆိုပါလျှင် ၅ရက်ရှိလေပြီ။
ဆေးရုံးအခန်းထဲမှ VIP Roomထဲလဲလျောင်းနေသည့်
တာရာနဲ့စျာန် တို့ကိုကြည့်ကာ ဖေကြီးနှင့်ဖေလေးသက်ပြင်းမောတွေကြောင့်ဖြစ်လာသော လေပူ အပြိုင်အဆိုင် မှုတ်ထုတ်နေကြလေသည်။

"စျာန် ဆိုတာ ဇလျန် လဲ ဟုတ်ချင်မှဟုတ်မှာပါ....
အကိုကြီး အဲ့လောက်တွေးပူမနေပါနဲ့........"

"အကယ်၍များ ဇလျန်ပြန်လာတာဆိုရင်ရော..."

"ကံကြမ္မာပေါ့ အကိုကြီးရယ်...
ရေစက်တွေကဆုံမှာပဲလေ...သံသရာဆိုတာလည်နေတာ တစ်ဘဝမဟုတ် တစ်ဘဝတော့ပြန်ဆုံရမှာပဲ..."

"ကောင်းသောတွေ့ဆုံမှုမဟုတ်ခဲ့ရင်ရော..."

"ကောင်းတာ၊ဆိုးတာက ကံကြမ္မာကသတ်မှတ်ပေးပြီးသားလေ... လူသားတစ်ယောက်ဖြစ်ပြီဆိုရင် သူ့ရဲ့ကံအကြောင်းက ထည့်ပေးလိုက်ပြီးသား
ပြန်ပြင်လို့မှမရပဲ..."

"အဘိုးဇလျန်က အဂ်လိပ်တွေရဲ့ဓားလျှို၊ အဘိုးဦးညွန့်ဟန်အနားကပ်တာ တော်လှန်ရေးသမားတွေကိုဖမ်းဆီးဖို့တဲ့လေ ဒိုင်ယာရီ မင်းလဲစာအုပ်ထဲဖတ်ရတာပဲမဟုတ်လား..."

"အဘိုးဇလျန်ကလူဆိုးဆိုပေမယ့် အဘိုးဦးညွန့်ဟန်ကိုချစ်ခဲ့တယ်လို့ ကျွန်တော်ထင်တာပဲ..."

"ချစ်ချင်ယောင်ဆောင်ခဲ့တာနေမှာပါ...
တကယ်ချစ်ခဲ့ရင် ဘာလို့တစ်မိသားစုလုံးကိုအဆိပ်ခတ်မလဲ..."

"ဒါဆိုတကယ်မချစ်ခဲ့ဘူးပဲဆိုပါတော့ဗျာ
အဘိုးဦးညွန့်ကိုရော ဘာလို့အဆိပ်မခတ်ခဲ့တာလဲ..."

"အေးနော်..."

"ဇလျန်သာ စျာန်​အဖြစ်​ပြန်လာတာဆိုရင်
သူတို့ရဲ့ကံကြမ္မာကရော..."

သူတို့ပြောနေကြသောစကားများအား တစ်ခုမှနားမလည်ပေ။

ကျွန်တော်နဲ့တာရာ မသ်ိရလေအောင် ဘာတွေများ လျို့ဝှက်ထားကြသည်လဲ။

မေလေးနှင့်မေကြီးကိုကြည့်မိချိန်တွင် မေကြီးသည် စျာန့်၏ကုတင်ဘေးတွင်ထိုင်ပြီး စျာန့်ကိုတစိမ့်စိမ့်ကြည့်ကာ ပြုံးနေ၏။ မေလေးကတော့ သက်ပြင်းတွေချပြီး တာရာ့ကိုသာ ကြည့်နေလေသည်။

ရှေးရေစက် (Completed)Where stories live. Discover now