Part - 20 (U&Z)

6.5K 549 48
                                    

ဆံနွယ်များကအိစက် ကျော့ရှင်းစွာဦးရေထက်တည်ရှိနေကြသည်။
အပြုံးတစ်ခုကို ဖန်တီးလိုက်ချိန်တွင် မှန်သားပြင်ထက်ပေါ်လာသည့် ပုံရိပ်ယောင်လေးကပင် ခန့်ညားကာချောနေ၏။ အမေမမွေးခင် လွန်ခဲ့သော ဆယ်ဘဝလောက်တည်းက ချောမောခန့်ညားနေတော့လာ်းခက်သား။

ဆယ်ကျော်သက်ကောင်မလေးများ၏ နှုတ်ဖျားတွင်လည်း ဦးငယ်။
အိန္ဒြေရှင်မလေးပုံစံ ၂၀ကျော်ကောင်မလေးတွေကြားလည်း ကိုတာရာ ဟူ၍ နာမည်ကြီးလေ၏။

ဥမ္မာဒန္နီရဲ့က မြင်သူတကာရူးလောက်အောင်လှတယ်ဆိုရင် ကျွန်တော့်အပြုံးအောက်တော့ ကောင်မလေးတွေနှလုံးသား ဝပ်တွားရတယ်လို့ဆိုကြတာပဲ။

Social media Face bookပေါ်တွင်
ဘာတဲ့ 'တာရာ့အပြုံးအောက်မှာပုံးအောင်းချင်တဲ့ကောင်မလေး၊ တာရာ့မဟေသီ၊ တာရာ့အသည်းအသက်၊ ရှိပါသေးရဲ့။
ဝင်းထွဋ်တာရာက ငါ့ယောကျာ်း။ တို့အကောင့်ကိုမြင်ပြီးနောက် တကယ်သွေးတက်သွားခဲ့ရ၏။
မျက်ဖြူများပင်လန်ခဲ့ရသည်။ အပြင်မှာတွေ့ရင် ဆွဲဆက်ဖက်နမ်းခံရမည်လား။ ဝင်လုံးကြမည်လားတော့မပြောတတ်။ သူမလေးတို့၏OCမှုလေးများမှာလည်း ချစ်ဖို့တော့ကောင်းပါသည်။
အနည်းငယ်ကျောချမ်းမိရုံသာ။

အိပ်မက်အရှည်ကြီးမက်ခဲ့သည် ကောင်လေးတစ်ယောက်
ပါးချိုင့်လေးနှစ်ဖက်ကိုသာ မှတ်မိတော့၏။ အိပ်မက်ပိုင်ရှင်လေး၏မျက်နှာထားလေးမှာ စျာန်ဆိုသည့်ကောင်လေးနှင့် ဆင်တူသယောင်ယောင်သာ။

ဂျစ်ကန်ကန်လေးနဲ့ဂျပုစျာန်တွင် ပါးချိုင့်တစ်ဖက်သာရှိ၏။

'ကျွန်တော့်Fan girl ကောင်မလေးတွေ အိပ်မက်ထဲက ပြုံးချိုလေးကိုတွေ့ရင် ကျွန်တော့်ကိုတောင်ပလစ်သွားကြမလားမသိဘူး....'

"ဟား......"

"ဘာတွေသဘောကျနေတာလဲ ဖေလေးရဲ့သားငယ်က..."

ဟားခနဲ ရယ်လိုက်မိသည့်ကျွန်တော့်အနားသို့ရောက်လာသည့် ဖေလေး၏အမေးကို ပြုံးပြကာခေါင်းခါလိုက်ပါသည်။

"လူသားတွေရဲ့ရုပ်ရည်ကို ဖန်ဆင်းတဲ့နတ်ဘုရား
ကိုကျေးဇူးတင်ရမယ်လို့တွေးမိနေတာပါ....."

ရှေးရေစက် (Completed)Dove le storie prendono vita. Scoprilo ora