Part - 27 (U&Z)

5.1K 495 57
                                    

ဖက်ထားလိုက်သည်ကို မရုန်းပါပဲ ရင်ဘတ်ပေါ်တွင် အသံတိတ်ငိုချင်းချနေသည့် ပုလုံးလေးအား ကျောပြင်လေးကိုခပ်ဖွဖွပွတ်သပ်လို့ နှစ်သိမ့်ပေးလိုက်ပါသည်။
မြတ်နိုး၏စကားများ ပြန်ကြားယောင်တော့ အလိုလိုနေရင်း
သက်ပြင်းမောကိုချလိုက်မိသည်။

"ဒီလိုနေ့မျိိုးဆို စျာန် က အလုပ်လုပ်နေတတ်တယ်။
နေ့ရော၊ ညရော မနားမနေ အလုပ်ရှာပြီး အလုပ်လုပ်လိမ့်မယ်၊ အလုပ်မရှိရင်တော့ အိပ်ဆေးသောက်ပြီး တစ်နေ့လုံးအိပ်နေလိမ့်မယ်။ အလုပ်ရှိလို့အလုပ်က ညဘက်အိမ်ပြန်လာရရင်လည်း အိပ်ဆေးသောက်ပြီး အိပ်နေလိမ့်မယ်၊၊
မွေးနေ့တိုင်းမှာ စျာန့် မေမေရော၊ ဖေဖေရော၊ စျာန်သိပ်ချစ်တဲ့ ဦးလေးရော ဆုံးသွားခဲ့တယ်လေ၊၊ သေတဲ့နှစ်တွေသာမတူကြတာ စျာန့်ရဲ့မွေးနေ့ရက် သူတို့အကုန် သေဆုံးချိန်အတူတူ ပြီးတော့ လွန်ခဲ့တဲ့ ၆နှစ်လောက်ကပဲ သူ့ကောင်မလေးရဲ့ ဖေဖေလဲ သူ့ကိုကယ်ရင်း သူ့မွေးနေ့မှာပဲဆုံးခဲ့တာ...."

တွေးလို့မှမဆုံးသေး ရင်ခွင်ထဲရောက်နေသည့် လူကြီးပေါက်စလေး ငြိမ်သွား၍ ကြည့်လိုက်မိလေသည်။

"သတိလစ်သွားတာလား.... အသက်ရှူသံတိုးလိုက်တာ...."

ကားပါကင်မှ ကားကိုထုတ်ကာ
ဟော်တည်ရှေ့သို့သွားပြီး ထိုးကာရပ်လိုက်သည်။ ဘေးမှလိုက်ပါလာသည့် အပုလေးကတော့ ကူရှင်ကိုမှီကာ အိပ်ပျော်နေလေတော့၏။ လုံးတစ်နေသည့်ခန္ဓာကိုယ်လေးကိုကားထဲမှ ပွေ့ချီကာ ဟော်တည်ခန်းအတွင်းသို့သယ်သွားလိုက်ရသည်။ ဝန်ထမ်းများ၏ အကြည့်တွေလည်းစာမဖွဲ့နိုင်သေး။ နောက်မှ တန်းစီအလုပ်ဖြုတ်ပစ်ဦးမယ်။
စပ်စုလိုက်ကြတာ။

"အကို ဟေ့ကောင် ဟော်တည်ကိုအမြန်လာစမ်းပါ...."

"ရူးနေလို့လာရမှာလား အခုမှမနက်၁၀နာရီပဲရှိသေးတာလေ.....ပွဲက ၁နာရီမှစမှာကို......"

"မင်းမရူးတာငါသိတယ်....အခုခဏလာပေး စျာန်အိပ်ပျော်သွားတာ ခေါ်မရတော့လို့......"

"ဘယ်လိုဖြစ်တာလဲ......"

"ငိုပြီးအိပ်သွားတာကို လျှာရှည်လိုက်တာ
မြန်မြန်သာလာစမ်းပါ...ငါမုန့်ဖိုးပေးမယ်ကွာ......"

ရှေးရေစက် (Completed)Where stories live. Discover now