"ဒီနေ့အလုပ်ပိတ်ရက်လေ ဘာလာလုပ်တာလဲ..."
သူ၏အိမ်အဝတွင်ရပ်ရင်း ဘယ်အချိန်ကရေးလိုက်မှန်းမသိသောစာရွက်အဖြူလေးထောင်ပြလေ၏။
"တံခါးဖွင့်ပေးပါ အပုလေးရာ..."
မျက်ဝန်းလေးမသိမသာဝံ့လို့ ဝက်ဝံရုပ်လေးသော့လေးကိုပစ်ပေးလာ၏။
ရေကတော့လာနေပြီ ဆည်ဆောက်ပြီး အပိုင်ကိုင်တတ်ဖို့ပဲလိုတော့တာ။
"မွှေးနေတာပဲ ဘာဟင်းချက်နေတာလဲ..."
သူ၏ကျောနောက်ဘက်လေးတွင်ရပ်ကာ ခေါင်းလုံးလုံးကိုကျော်၍ကြည့်လိုက်မိ၏။
"မဲမဲအတုံးအတုံးတွေ ဆိတ်ချီးတုံးတွေကြနေတာပဲ..."
"ကြက်အသည်းအမြစ်ဆီပြန်နဲ့ ကန်စွန်းရွက်ကြော်
စားဖူးလား..."စာရွက်ဖြူဖြူထက်သို့ငေးနေပါသော သူ၏မျက်နှာမဲ့ရှုံ့သွားလေ၏။
'တကယ်မစားဖူးတာလား...'
"အပုလေး ဒါကရောဘာဟင်းလဲ..."
အဝါရောင်အရည်များထဲမှ ကြက်ဖ၏အမောက်ကြီးနှင့်တူနေသောအရာတစ်ခု။
လူစားလို့ရတာတွေရောဟုတ်ရဲ့လား။ နတ်တွေ ဘကာတွေကိုများဆက်သဖို့လား။"ကုလားပဲနဲ့ကြက်ခြေထောက်၊ ကြက်ခေါင်း..."
ပျို့ပါအန်မိတော့မလိုဖြစ်သွား၏။ ဘယ်လိုတောင်ခေါင်းတွေ ခြေထောက်တွေနဲ့ အူကလီစာတွေကိုစားနေရတာလဲ။
"လူစားလို့ရလို့လားအပုလေးရာ..."
"ငါကလူမဟုတ်လို့ ဘုံခုနစ်ဆင့်ကမြင့်မြတ်တဲ့နတ်ဘုရားလား..."
မိမိအားရှိတယ်လို့ပင်မထင်လေတော့လားမသိ
သူ၏ဟင်းအိုးများကိုသာမွှေနေတော့သည်။"ဒီလိုလေ ကိုယ်ပြောချင်တာက အသားစားလေလို့ အသည်းတွေ၊ခြေတွေ၊ခေါင်းတွေကျ အသည်းယားစရာကြီးစားရမှာ..."
"မင်းစားမှာလား ငါစားဖို့လား..."
"အသားစားလေကွာ အသားကစျေးကြီးလို့လား..."
"အမလေးကိုတာရာရေ ကြက်အသည်းအမြစ်တစ်တွဲကို ၁၂၀၀ပေးရတယ် အသားကတစ်ဆယ်သားမှ၅၀၀ပဲပေးရတာ။ ခေါင်းတွေ၊ခြေထောက်တွေက တစ်ဆယ်သား၅၀၀တန်တယ် သဘောပေါက်..."
YOU ARE READING
ရှေးရေစက် (Completed)