ဖုန်းကိုထုတ်ကာ ခေါင်းငိုက်စိုက်လို့ ကိန်းဂဏန်းများအား ဖိနှိပ်နေသူက လိုလိုချင်ချင်ပြုံးနေသေးသည်။
ထိုအပြုံးတို့ထဲတွင် လိုအင်ဆန္ဒများပြည့်ဝနိုင်တော့မည်ကို သိနေမှုတို့ ရောထွေးပေါင်းစပ်နေ၏။ အဲကွန်းမှစိမ့်ထွက်လာသော လေအေးက အေးစိမ့်နေသည်။ ထိုသူ၏ မျက်ဝန်းတစ်ဖက်ကလည်း အမဲရောင်ပိတ်သားတို့ဖြင့် အုပ်မိုးထားသေးသည်။ ကျန်မျက်ဝန်းတို့ထဲတွင် ကြောက်စရာကောင်းလောက်သည့် အပြုံးတစ်ချို့တွေ့ရသေးသည်။"ဟယ်လို သားငယ်......"
ထိုသူက တစ်ဖက်မှ လူအား ဖုန်းဖြင့်စကားဆိုနေသည်။
"PaNaHillonတံဆိပ် ဆေးဝါးအတုထုတ်ထားတွေကို
ဖြန့်လိုက်တော့....စျေးကွက်ပေါင်းစုံမှာ မြင်ချင်တယ်....
ဦးငယ်ဆိုတဲ့ သူဋ္ဌေးပေါက်စ အလုပ်ရှုတ်နေပါစေ....
ဟား.........ဟား........"ဖုန်းချလိုက်ပြီးနောက် ထိုလူက ထပ်မံ၍ ဖုန်းတစ်ခုကိုဆက်လိုက်လေပြီး ထိုင်နေရာ အခန်းတွင်းမှ ထွက်သွားလေသည်။
ထိုလူ၏ကားလေးသည် တောစပ်တစ်ခုတွင်ရပ်တန့်သွားလေသည်။ ပြီးနောက် ခြေလျင်လျှောက်ကာ ခပ်လှမ်းလှမ်းမှ ဂိုထောင်တစ်ခုဆီသို့ ဦးတည်နေသည်။
ဂိုထောင်၏ရှေ့တွင်ရပ်စောင့်နေသူမှာ မျက်ဝန်းတစ်ဖက်ကို ပိတ်စအမဲဖြင့်အုပ်ထားသူအား မြင်သည်နှင့် ပြာပြာသလဲ ထိိုလူ့အနားပြေးသွားလေသည်။ ထိုနှစ်ယောက်သည် အဆင်သင့်ဖွင့်ထားသော ဂိုထောင်တံခါးဆီသို့ ဝင်လိုက်သည်။ တံခါးကြီး ဝုန်းဆို ပိတ်သွားပြီးနောက်
လူတစ်ဦး၏ ရေမွန်း၍ ချောင်းဆိုးသံကြားလိုက်ရတော့သည်။'အဟွတ် အဟွတ်......အဟွတ်......'
"ဘယ်လိုလဲ နိုင်လူ....
မင်းကထမင်းရှင် သခင်ကိုကျ သက်ကိုရဲ့သားဘယ်သူဆိုတာ မပြောပြပဲနဲ့..... ဘာမဟုတ်တဲ့ ကောင်လေးနှစ်ယောက်ကိုကျ ရက်ရက်ရောရော ပြောပြနိုင်တယ်ပေါ့ ဟုတ်စ.....""ဦး ဦး စိုးလွင်......."
နိုင်လူဆိုသည့် လူမှာ ရေမွှန်သွားသည့် ခေါင်းကိုခါပြီး အသက်ဝ ဝ ရှုကာ မျက်ဝန်းအားပိတ်တစ်ဖက်ဖြင့်အုပ်ထားသည့် သူ၏နာမည်အားခေါ်ကာ အကြည့်စူးစူးများဖြင့်ကြည့်နေတော့သည်။
YOU ARE READING
ရှေးရေစက် (Completed)