Part - 40 (U&Z)

4.2K 369 43
                                    

အလိုမကျသည့်မျက်နှာလေးက မှုန်သုန်နေပြီးနောက် ကွန်ပြူတာကိုကြည့်ကာ လက်မှလဲ စာရွက်ပေါ်သို့စာရေးပေးလာသည်။

"ချီးထုတ်ကောင် အသားယူပြန်ပြီ...."

သဘောတကျအော်ရယ်လိုက်ပြီး သူလေးစိတ်ကောက်နေသည်ကို ချော့ရန်ပြင်ရသည်။

"အပုလေး....မောင့် ကိုကြည့်....."

လက်မောင်းလေးနှစ်ဖက်အားဆုပ်ကိုင်ထားရာမှ သူလေးအား ဆွဲမကာ ထိုင်ခုံပေါ်မှဖယ်စေပြီး မတ်တပ်ရပ်စေလိုက်သည်။ သူလေးထိုင်ခဲ့သည့် ခုံလေးပေါ်သို့ ကိုယ်တိုင်ဝင်ထိုင်ကာ ပေါင်ပေါ်တွင် တင်ထားလိုက်မိသည်။ ခွေးပုလေးလိုထိုင်နေပုံလေးက ဖျစ်ညှစ်ပစ်ချင်လောက်အောင် လုံးလုံးလေးပင်။

လက်ကလေးတစ်ဖက်အားဆုပ်ကိုင်ကာ ခပ်ဖွဖွလေးညှစ်လိုက်တော့ မော့ကြည့်လာသည်။ ကျွန်တော်သူ့အားထားကာ အပြင်ထွက်သွားခြင်းကို ဘယ်သို့သွားသည်လည်း သိချင်နေသည်က သိသာလွန်းနေသည်။

''မောင့်ကိုမတွေ့တော့ လွမ်းသွားလို့လား...."

ရွှတ်နောက်နောက်ပြောကာ စနောက်လိုက်မိသည်။
စားပွဲခုံပေါ်မှ စာရွက်လေးပေါ်စာရေးချပေးလာပြန်သည်။

"မထားခဲ့ပါနဲ့နော် ငါကြောက်တယ်....မောင်ရယ်...."

ရင်ထဲစိတ်မကောင်းကြီးစွာဖြစ်မိပြီးနောက် စက္ကူလေးသည် လက်ဝါးပြင်ထဲ ေကြမွလောက်အောင် ဝါးမြိုခံလိုက်ရသည်။ အပုလေးအားလည်း ရင်ခွင်ကျယ်ကြီး၏ နွေးထွေးမှုတွေရစေလိုက်သည်။

"မောင်က ဘာလို့ထားခဲ့ရမှာလဲကွာ....."

ပါးပြင်ထက်သို့အနမ်းလေးတစ်ပွင့်ချွေချလာသည်။
ပြုံးပြနေသည့် အပုလေး၏အပြုံးတို့သည် အရောင်တောက်ပမနေပါပဲ ခပ်ဖျော့ဖျော့ရေဆေးလေးသာတင်နေသည်။ သူလေးကြားအောင်ပြောရမည်။

"အပုလေးအနား အသချေ အသချာ်ပေါင်းများစွာနေဦးမှာ....မောင်က ချစ်စကားတွေကို မရိုးအီအောင် အမြဲပြောနေမှာ.... အပုလေးက မငြီးမငြူနားထောင်ပေး....
ဘဝအဆက်ဆက် အတူတူအိုမင်းသွားကြမယ်လေ...."

မျက်ရည်လေးတွေရစ်သိုင်းသို့ အောက်နှုတ်ခမ်းလေးအား အနည်းငယ်ကိုက်ထားကာ ပြုံးပြလာသည်။

ရှေးရေစက် (Completed)Where stories live. Discover now