Part - 14 (U&Z)

7.6K 681 48
                                    

"ကိုကိုညွန့်.........."

ခေါ်နေပြန်ပြီ ကိုကိုညွန့်တဲ့...
ဘယ်နေရာကခေါ်၍ ဘယ်သူ့အား​ခေါ်နေသည်
မှန်းမသိချေ။
မေ့လဲ၊ မူးလဲတိုင်း အိပ်မက်ထဲသို့ရောက်ခဲ့ရပြီး တစ်ညွန့်တည်း ညွန့်နေကြသူများသာမြင်နေရသည်။

ရောက်နေသည့်နေရာ၊ ပတ်ဝန်းကျင်အား အကဲခတ်ကြည့်လိုက်မိသည်။
စံပ္ပါယ်ပင်တွေကြားထဲရောက်နေခြင်း။ စံပ္ပါယ်ပင်အစုလိုက်လေးတွေက စိန်းလန်းကာ အရွက်ကလေးများကညွတ်လို့၊ ကော့လို့။
အပွင့်လေးများမှာလည်း အစိမ်းရောင်ရင့်ရင့်အရွက်လေးတွေကြား အဖြူရောင်အဖူး၊အပွင့်လေးများက ပဏာတင့်လျက်။

မျက်စိရှေ့တွင်မြင်နေရသည့်အရာများက တီဗီဖန်သားပြင်ပေါ်မှရုပ်ရှင်ကြည့်နေရသလိုပင်။ သို့သော်လည်း ရုပ်ရှင်တော့မဟုတ်ခဲ့။ အိပ်မက်ထဲရောက်နေခြင်းပေ။

လူတစ်ယောက်၏ကျောပြင် ၊မဟုတ်သေး မိန်းကလေးတစ်ယောက်ရဲ့ကျောပြင်လေးဆိုပိုမှန်မည်။ ထိုမိန်းကလေးလက်ထဲတွင် နှီးခြင်းတောင်းလေးကိုင်ထားသေး၏။ ကျောပေးထားသည်ကြောင့် သူ ဘာလုပ်နေခြင်းကို မမြင်ရသော်လည်း စံပ္ပါယ်ရုံတွေပတ်ပတ်လည်သာရှိနေသည်မို့ စံပ္ပါယ်ပန်းခူးနေသည်ဟု ယူဆကာ ထို​နေရာသို့ခြေလှမ်းမိသည်။ လူတစ်ယောင်၏အသံကြောင့်
ရှေ့သို့သွားတော့မည့် ခြေလှမ်းများက တုန့်ခနဲရပ်သွားလေတော့၏။

"ကိုကိုညွန့် ..... "

ဂျစ်ဂျစ်ဂျစ်နဲ့ အခွေထစ်နေသလို တီဗီကြည့်စဥ် စက်ပစ္စည့်ချို့ယွင်းချက်ကြောင့် ထစ်ကာရပ်တန့်လိုက် ပြန်လာလိုက် ဖြစ်နေသလိုလို။ ဦးနှောက်တစ်ခုလုံးပြုတ်ကျမတတ် လှုပ်ရမ်းနေတော့၏။

အနောက်တစ်​နေရာမှ လာသည့်အသံများ။ ကိုယ်ခန္ဓာကိုအနည်းငယ်စောင်းငဲ့ပြီး ခေါင်းကိုအနောက်လှည့်လို့ကြည့်မိချိန်တွင် ပြုံးချိုလေး
ကိုတွေ့ရလေသည်။ အမြဲတမ်းပြုံးနေတတ်သည့် အပြုံးလှလှလေးပိုင်ရှင် ပြုံးချိုလေးက မျက်နှာလေးငြိုးငယ်လို့ ငေးကာကြည့်နေသည်။

"ပြုံးချိုလေး ဘာလို့မျက်နှာလေးငြိုးနေတာလဲ..."

အသက်၂၅နှစ်တာကာလတစ်ခုလုံး မက်ခဲ့သမျှအိပ်မက်တိုင်းတွင် ဤတစ်ကြိမ်သာ ပြုံးချိုလေး၏ ငြိုးနွမ်းနေသောမျက်နှာလေးကိုတွေ့ရခြင်းပေ။

ရှေးရေစက် (Completed)Where stories live. Discover now