[Zawgyi]
ရှန့်ခယ်နဲ့ ယန်လု ယွီဝမ်ကျဲ့ကို ရှလျန်မြို့ဆီကို့ခေါ်လာခဲ့သည်။ ယွီဝမ်ကျဲ့မှာက သူ့ဂိုဏ်းကိုဆက်သွယ်ဖို့ လျှို့ဝှက်နည်းကိုအသုံးပြုလိုက်သည်။ပြီးတော့ အချိန်တစ်ခုအတိုင်းအတာအထိ အနားယူဖို့တည်းခိုခန်းတစ်ခုကိုရှာတယ်။
ယွီဝမ်ကျဲ့ကသုံးခန်းငှားလိုက်ပေမဲ့ ယန်လုကတော့သူ့အခန်းကိုသူမသွားပေ။ အဲအစား အရင်အတိုင်း ရှန့်ခယ်အခန်းထဲပဲလိုက်ဝင်လာတယ်။
"မင်းအတွက်အခန်းငှားပေးတာတောင်မသုံးဘူး ဘာလို့မငှားခင်တစ်ခွန်းမှမဟတာလဲ" ရှန့်ခယ်ကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။
"သူကသူ့ဟာသူငှားတာ ငါကလည်းငါ့နေရပ်လေးမှာပဲနေတာလေ သူနဲ့ဘာဆိုင်လို့လဲ"
ယန်လုက ထိုင်ကာ ပြတင်းပေါက်ကိုမှီပြီး သူအဲနေ့က ကောက်ယူလာတဲ့ လေဟာနယ်လက်စွပ်ကိုထုတ်လိုက်သည်။အဲထဲကနေ ရှည်သွယ်သွယ်ကျောက်စိမ်း အချောင်းတစ်ခုထုတ်လိုက်သည်။ရှန့်ခယ်ကအနားတိုးလာကာမေးသည်။
"ဒါဘာကြီးလဲ""ကျင့်ကြံစဉ်နည်းလမ်းတစ်ခုလေ" ယန်လုက ကမ်းပေးလိုက်သည်။
ရှန့်ခယ်က သူ့ပါဝင်ပစ္စည်းများကို စိတ်အာရုံနှင့် စစ်ကြည့်လိုက်သည်။ သူ့အတွက်တော့ရှုပ်ထွေးစရာအာရုံခံလို့မရသည့်စာအုပ်ဖြစ်နေသည်။။ လူမဟုတ်သည့်သူများကျင့်ကြံသည့်လမ်းစဉ်က လူများနှင့်အင်မတန်ကွာခြားချေသည်...။သူတို့က သတ်သတ်မှတ်မှတ်နည်းလမ်းမရှိဘဲ ကောင်းကင်နှင့်မြေကြီး၏ အာဟာရဓာတ်များကိုသာစုပ်ယူရန်လိုလေသည်။ ဒါကြောင့်သူတို့ကျင့်ကြံသည့်အမြန်နှုန်းကလူသားများနှင့်ယှဉ်ရင်တော့ငိုချင်စရာကောင်းလောက်အောင် နှေးကွေးလေရဲ့...။ပြီးတော့ ယန်လုအတွက်လည်း စံပြကောင်းဖြစ်ရဦးမယ်ဆိုတော့ မိစ္ဆာမှိုလေးရှန့်ခယ်ခမျာလူတွေရဲ့စွမ်းအင်ကိုဘယ်တော့မှမစုပ်ယူရရှာဘူး။ ဒါကြောင့်သူ့ကျင့်ကြံဆင့်အမြန်နှုန်းကခရုထက်တောင်နှေးသေးသည်။
"မင်းအဲဒါနဲ့ကျင့်ကြံလို့ရလား" ရှန့်ခယ်ကယန်လုကို တောက်ပစွာကြည့်လာသည်။ သူအာရုံခံကြည့်လို့မရပေမဲ့ ဒါက သမာသမတ်ကျသည့်ကျင့်ကြံစဉ်လမ်းဖြစ်မယ်မှန်းတော့သိသည်။ ယန်လု လိုအပ်နေတာက လုံးဝကိုပြီးပြည့်စုံပြီးသမာသတ်ကျတဲ့ကျင့်ကြံစဉ်နည်းလမ်းပဲ။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...