အပိုင်း ၁၂၃ ။ အိုဆာရီဘဝ (RE)

5.6K 451 28
                                    

[Zawgyi]

ဖူဖူအိပ်မောကျသွားတဲ့နောက် ရှန့်ခယ်က ချမ်းစိမ့်မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ ရေပူစမ်းထဲ ရေဝင်စိမ်လိုက်တယ်။

သူ အနားကနေ ရေပွက်သံကြားလိုက်ရလို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ တေလာက ရေပူစမ်းထဲ ရပ်နေတာ။ သူ့တောင့်တင်းတဲ့ ခန္ဓာကိုယ်အပြည့်မှာ အမာရွတ်အရွယ်အစားမျိုးစုံနဲ့။ အများစုကတော့ ဒဏ်ရာရချိန် ဂရုတစိုက် မကုသလို့ ကျန်ခဲ့တာတွေပဲဖြစ်ရမယ်။

တေလာက ရှန့်ခယ်ဆီ ကူးခတ်လာပြီး သူ့ရင်ဘတ်ကိုစမ်းလာတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဓားတစ်ချောင်းဟာ ဒီနေရာကို ထိုးဖောက်သွားပြီး သူ့အသက်ကို ယူသွားခဲ့တာ။ အခုတော့ အသက်ရှင်နေပြီး နောက်တစ်ကြိမ် နွေးထွေးတဲ့ ခန္ဓာကိုယ်၊ အားကောင်းတဲ့ နှလုံးခုန်သံနဲ့ အမာရွတ်ပါးပါးတစ်ခုပဲရှိတဲ့ ကြည်လင် တောက်ပတဲ့ အရေပြား ရှိနေပြီ။

တေလာ ရှန့်ခယ်ခါးကိုဖက်ပြီး ကလေးတစ်ယောက်လို ပခုံးကိုခေါင်းမှီလိုက်တယ်။ သူ့မျက်နှာမှာ ကျေနပ်ခြင်းနဲ့ လွမ်းဆွတ်မှုအပြည့်။

"ငါ့ကိုပြောပြ တေလာ၊ နတ်ဆိုးသစ်ပင်ကို ချိတ်ပိတ်ပြီးတော့ ဘာဖြစ်ခဲ့တာလဲ"
ရှန့်ခယ် နူးနူးညံ့ညံ့မေးလိုက်တယ်။

"အင်း" တေလာက ပိုပြီးသက်တောင့်သက်သာရှိတဲ့ အနေအထားကိုပြောင်းပြီး ရှန့်ခယ်ကို စိမ်ပြေနပြေမှီကာ သူသေဆုံးပြီးတဲ့နောက်ပိုင်း ၃နှစ်တာကို ပြောပြလာတယ်။

ရှန့်ခယ်သေဆုံးမှုကြောင့် တေလာနဲ့ဖူဖူက နတ်ဆိုးသစ်ပင်ရဲ့ ချီတွေ တိုက်စားတာခံရပြီး ယုံကြည်မှုမရှိ နတ်ဆိုးတစ်ပိုင်းဖြစ်လာခဲ့ကြတယ်။ သူတို့ မြို့ထဲ ဆက်နေလို့မရတော့တာမို့ ရှန့်ခယ်အလောင်းကို သယ်ပြီး ဒီနှင်းတောင်ဆီ ရောက်လာခဲ့ကြတာပဲ။

သူတို့က သာမန်နတ်ဆိုးတမန်တွေနဲ့ ကွဲပြားတယ်။ သူတို့ နတ်ဆိုးသစ်ပင်ကို ချိတ်ပိတ်ပြီးတဲ့နောက် နတ်ဆိုးတမန်တွေအားလုံး အဲဟာရဲ့ ထိန်းချုပ်မှုကနေ လွတ်မြောက်သွားခဲ့တယ်။ သူတို့ မကောင်းမှုကို လိုလိုလားလား မလုပ်သရွေ့ တခြားသူတွေအပေါ် သက်ရောက်မှုမရှိသလောက်ပဲ။ ဒါပေမဲ့ တေလာနဲ့ဖူဖူကတော့ နတ်ဆိုးသစ်ပင်ရဲ့ အသန့်စင်ဆုံးနတ်ဆိုးချီကို စုပ်ယူမိခဲ့တာ။ ဒါကြောင့် သူတို့ဖိနှိပ်ထားဖို့ကြိုးစားရင်တောင် အလိုလို နတ်ဆိုးချီကို ထုတ်လွှင့်နေမိတယ်။

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Nov 14, 2022 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Tempat cerita menjadi hidup. Temukan sekarang