အပိုင်း ၁၀၄ ။ Unos ဘဝ

2.9K 421 11
                                    

[Zawgyi]

SnowTime: အရင်အပိုင်းမှာမှားခဲ့တာကိုပြန်ပြင်မယ်နော် king မြို့တော်ကတကယ်အမည်မဟုတ်ပါ ဘူးမြို့တော်ကိုသာရည်ညွှန်းတာဖြစ်တယ်။ မြို့တော်ရဲ့အမည်က Cannes ပါနော်။

T/N - ကိုယ်လည်းမသိဘူး etran ကရှေ့ပိုင်းတွေမပြင်ထားတော့ ကိုယ်လည်းမှားတယ်နော်မပြင်တော့ဘူး ဒီအပိုင်းကနေပြောင်းသုံးသွားပါမယ်

ရက်အနည်းငယ်ကြာပြီးနောက် Timaတို့အုပ်စုဟာ Yi အင်ပါယာရဲ့မြိုတော်ဆီသို့ဆိုက်ရောက်ခဲ့ကြတယ်။
မြို့တော်ဟာ မတ်စောက်တဲ့တောင်ရဲ့ တစ်ဝက်လောက်ကနေစတင်တည်ထားပြီး မြို့ပတ်ပတ်လည်မှာ လည်းကွေးကောက်နေတဲ့ပတ်လမ်းတွေဝန်းရံထားတယ်။ မြို့တော်ကို တောင်ပေါ်ကညီညာပြန့်ပြူးပြီး ကြီးမားတဲ့ကျောက်တုံးကြီးပေါ်မှာတည်ထားသည်။ လမ်းတွေရဲ့ တစ်ဖက်တစ်ချက်စီမှာလည်းဈေးဆိုင်တွေနဲ့ပြည့်နက်နေကာ ကုန်သည်တွေကဈေးခေါ်သံတွေ ဝယ်သူတွေဈေးစစ်သံတွေနဲ့ဆူညံနေခဲ့သည်။ သန့်ရှင်းသပ်ရပ်တဲ့ရထားလုံးတွေကို နေရာတိုင်းမှာ တွေ့နေရပြီး ခေတ်စားနေတဲ့သီချင်းတွေကို ဆိုကနေကြသည်။

ရွှေးချယ်ပွဲရဲ့အဓိကသူတစ်ဦးဖြစ်တဲ့ yitamo ဟာမြို့ဝင်ကတည်းကလမ်းခွဲသွားပြီဖြစ်ပင်မဲ့လည်း Neil ကတော့နေရစ်ကာနေရာထိုင်ခင်းနဲ့ပတ်ဝန်းကျင်ကိုရင်းနှီအောင်စေတနာအပြည့်နဲ့လမ်းပြလုပ်ပေးခဲ့ တယ်။

shu အုပ်စုဟာနောက်ကျမှရောက်ခဲ့တဲ့အတွက် ဟိုတယ်တွေနဲ့တည်းခိုခန်းတွေမှာလူပြည့်နေပြီးဖြစ်သည်။ Neil သာမကူညီခဲ့ရင် အခုလောက်ဆိုမြို့ပြင်မှာတဲထိုးနေနေရလောက်ပြီ။ မြို့တော်ရဲ့ကြွယ်ဝမှုတွေဟာ သာမန်လယ်သမားဖြစ်တဲ့ သူတို့ကို သွားလေလေ သွားလေလေ အံ့သြပြီးရင်း အံ့သြဖြစ်ကာ လန့်သွားအောင်လုပ်နိုင်ခဲ့ကြသည်။ သူတို့ရဲ့မျက်နှာပေါ်မှာ ကံအားလျှော်စွာမျက်နှာဖုံးတပ်ထားသောကြောင့် သူတို့ရဲ့တောသားအမူအရာတွေကိုဖုံးကွယ်ထားနိုင်ပြီး အလန်းစားပဟေဠိဆန်တဲ့လူတွေလို့ ထင်မှတ်မှားစေခဲ့တာပင် ဖြစ်သည်။
တချင်ချင်နဲ့ အချင်းချင်းရိုက်ခတ်နေကြတဲ့အလုံးလေးတွေကို သီထားတဲ့ဟာက သူတို့ရဲ့မျက်လုံးတွေကိုအောင်မြင်အောင်ဖမ်းစားနိုင်ခဲ့တယ်။ သူတို့ အားလုံးကိုဝယ်ပစ်ချင်သော်လည်းမြင်မားတဲ့တန်ဖိုးကြောင့် အနားကပ်ဖို့တောင်မပြောနဲ့ကြ့ည်တောင်မကြည့်ရဲခဲ့ကြပေ။ အဲ့လိုဖြစ်ပျက်ပြီးနောက် Cannes ရဲ့ အလှတရားဟာ သူတို့ကိုနည်းနည်းလေးတောင်မှစိတ်မလှုပ်ရှားစေနိုင်တော့ပေ။ သူတို့ရဲ့အမြင်အရ စားသောက်နေထိုင်မှုကိုစီစစ်ကာ ဇိမ်ခံပစ္စည်းတွေကိုပြတ်ပြတ်သားသားငြင်းပယ်ခဲ့ကြသည်။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now