[Zawgyi]
သတိပေးချက်။ ဤextraသည် Raw တွင်မပါဝင်ခဲ့ပါ..။ မူရင်းစာရေးသူက ရေးပြီးမှနောက်ပိုင်း တွင်ဖြစ်လာမည့်အကြောင်းအရာနှင့် မကိုက်တော့၍ ပြန်လည်ဖျက်ချခဲ့သည်။ နောက်ပိုင်းဆိုသည်မှာ Arc 2 Re ဖြစ်သည်။ ဖတ်မည်ဆိုပါကလည်း စိတ်ထိခိုက်လွယ်နေသောအချိန်မှသာဖတ်ကြပါရန်နှင့် media မှသီချင်းကိုခံစားပေးကြပါရန်🔥
_______________________________
ကျန့်ချန်ဖုန်း.....ကျန့်မိသားစုနဲ့ကျန်းမိသားစုကမကြာခဏစီးပွားရေး အတူတူလုပ်ကြတယ်..ကျန်းမိသားစုရဲ့အကိုအကြီး ကျန်းတုန်းလင်က လူတွေကိုကြင်ကြင်နာနာနဲ့ ယဉ်ကျေးမှုအပြည့်ဆက်ဆံတယ်...ပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့စိတ်ဓာတ်လည်းရှိတယ်..ဒီအချိန်မှာ
ဒုတိယသားကျန်းယွီမော့ကတော့
ဝတ်ကောင်းစားလှဝတ်ပြီးရှိုးထုတ်တတ်တဲ့
ပေါ့ပေါ့စားပေါ့ပေါ့နေသူဌေးသားတစ်ယောက်ပုံပဲ ကျန့်ချန်ဖုန်း ကျန်းယွီမော့ သူ့ညီမကိုပိုးပန်းနေမှန်း သိလိုက်ရတော့ မုန်းတီးမှုတွေဖြစ်သွားတယ်ဒီနောက်မှာတော့ ကျန့်ပါပါးကသူ့အဖေကို အကူအညီတစ်ခုပေးဖို့တောင်းဆိုလိုက်တော့ ကျန့်ကုမ္ပဏီမှာ ကျန်းယွီမော့ကို အလုပ်သင်ဆင်းခိုင်းတယ်..သူလည်းဒီလူ့ကိုသေချာလေ့လာစူးစမ်းမယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်
ပထမဆုံး သူတို့ကုမ္ပဏီမှာတွေ့တဲ့အချိန် သူ အဲသူကို မျက်နှာသာမပေးပဲဒုက္ခပေးလိုက်သေးတယ်..သူထင်တာက ဒီသခင်လေးကသူ့ဒေါသကိုမထိန်းနိုင်ပဲထွက်သွားမယ်လို့ပဲ..ဒါပေမဲ့ မထင်မှတ်ထားစွာပဲ သူစီစဉ်ခဲ့တာတွေကို တည်တည်ငြိမ်ငြိမ်လက်ခံတဲ့အပြင် တစ်ခွန်းတောင်ပြန်မပြောဘူး
ယုံတမ်းစကားတွေအရ သူက မာနကြီးပြီးတစ်ဖက်သားကိုမတရားအနိုင်ယူတတ်တယ်လို့သတင်းထွက်နေတာ..ဒါပေမဲ့ ဒီပုံစံကိုကြည့်တော့ဒီသတင်းတွေက ယုံလို့မရဘူးပဲ..ကျန့်ချန်ဖုန်း ရဲ့ ကျန်းယွီမော့ပေါ်အမြင်က အနည်းငယ်ပြောင်းလဲသွားခဲ့တယ်
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...