[Zawgyi]
Arc (3) ယုံကြည်ရာ မှအဆက်..... ။
Translator-__IC__"နောက်ဘဝမှာငါမင်းကိုပြန်တွေ့နိုင်မယ်ဆိုရင် ဘယ်လောက်ပဲခက်ခဲပါစေ ငါမင်းကိုချစ်ဖို့ကြိုးစားချင်တယ်''
ထိုစကားများက ရှန့်ခယ်မသေခင် တေလာအတွက်နောက်ဆုံးချန်ရစ်ခဲ့သည့်စကားများဖြစ်သည်။
System ၏ spaceအတွင်း ရှန့်ခယ်ညိမ်သက်စွာလှဲလျောင်နေ၏။ System ကြေညာနေတဲ့ဆုကြေးတွေဟာသူ့အာရုံထဲမှာမရှိ။ စိတ်အစဉ်ကအမည်မသိသောအနာဂတ်နှင့်တမ်းတလွမ်းဆွတ်ဖွယ်အတိတ်များဆီမှာသာ။
[Host ခင်များ ဒီကမ္ဘာမှာအဓိကmissison တစ်ခုနဲ့ထပ်တိုး mission တစ်ခုကိုအောင်မြင်ခဲ့ပါတယ်။ Host ကျေးဇူးပြုပြီး ဆုကြေးလက်ခံပေးပါ။ ကိုယ်၊စိတ်ကြံ့ခိုင်မှုအခြေအနေ +5(+7) , မှတ်ဥာဏ် +10(+2) , ဝိညာဉ်စွမ်းအား +10(+5) , လှပမှု +10(+5) , သက်တမ်း +2(+2) ရရှိပြီး ထပ်တိုး ပညာရပ်နှစ်ခုကိုသင်ကြားနိုင်ပါတယ်]
"System ကျွန်တော် နည်းနည်းပင်ပန်းနေတယ်''
[Host အနေနဲ့ စိတ်အခြေအနေပြုပြင်နေတုန်းမှာ လွယ်ကူတဲ့ပညာရပ်နှစ်ခုကိုရွေးချယ်ပြီး Hundred training space ထဲမှာသင်ယူလို့ရပါတယ်]
"ကမ္ဘာအစစ်ကိုပြန်ဖို့ mission တွေဘယ်နှစ်ခုထပ်လုပ်ရအုန်းမှာလဲ?''
[လက်ရှိမှာတော့ တွက်ချက်၍မရနိုင်သေးပါ။ ဒါပေမယ့် ကောင်းကောင်းမွန်မွန်အသက်ရှင်နိုင်တဲ့ကမ္ဘာများလေ Host ရဲ့ mission တွေ လျော့နည်းလာလေဖြစ်မှာပါ]
"ကျွန်တော် ဖြတ်သန်းခဲ့ပြီးသားကမ္ဘာတွေကိုပြန်သွားပြီးကြည့်လို့ရလား?'' သူ့အတွက်စိုးရိမ်ပေးခဲ့ကြသူတွေ သူသေသွားပြီးနောက်မှ ကောင်းကောင်းမွန်မွန်မှအသက်ရှင်နေကြရဲ့လားသူသိချင်တယ်။
[Host mission တွေအားလုံးအောင်မြင်ပြီး ၅၀ရာခိုင်နှုန်း ဒါမှမဟုတ် ပိုများတဲ့အမှတ်ထက်ကျော်လွန်ခဲ့ရင် ကမ္ဘာအစစ်ကိုပြန်နိုင်မယ့်အခွင့်အရေးကိုအသုံးချပြီး ယခင်ပြီးဆုံးခဲ့တဲ့ကမ္ဘာကဇာတ်သိမ်းတွေကို ပြန်ပြင်နိုင်ပါလိမ့်မယ်]
BINABASA MO ANG
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...