[Zawgyi]
လုရှုဖန် မီးဖိုချောင်ဆီ လျှောက်လာကာ သူ့အတွက် အဆာပြေစာလုပ်ပေးနေသော လူ၏နောက်ကျောကိုစိုက်ကြည့်လိုက်သည်။
"ရှောင်ကျယ်၊ ဒီကိုလာခဲ့ဦး"ရှန့်ခယ် လှည့်ကြည့်လိုက်တော့ လှည့်ထွက်သွားသည့် လုရှုဖန် ကျောကိုသာ မြင်လိုက်ရသည်။ သူ အေပရွန်ကိုချွတ်ပြီး လိုက်မှီအောင် ခြေလှမ်းများကို မြန်လိုက်ရသည်။
အိပ်ခန်းဆီဝင်လာချိန် လုရှုဖန် လက်ထဲမှာချပ်စ်ပြားကို စားပွဲပေါ်တင်လိုက်သည်။ သူ့မျက်လုံးများမှာ မည်းနက်သွားကာ ရှန့်ခယ်နားချည်းကပ်လာရင်း သူ့ခံစားချက်များကို မျိုသိပ်ရန်ကြိုးစားနေသည့်အတိုင်းပင်။
"ယဲ့ရွှမ်လား အဲဒါ""ဘာကိုပါလဲ"
"မင်းကို တိုက်ခိုက်ခဲ့တဲ့သူတွေက ယဲ့ရွှမ်ရဲ့လုပ်ရက်တွေလား"
လုရှုဖန် ချပ်စ်ပြားကိုကောက်ကာ ထပ်မေးလိုက်ပြန်၏။"ကျွန်တော် မသိပါဘူး"
ရှန့်ခယ် မျက်လွှာချကာ ချပ်စ်ပြားပေါ် အကြည့်ရွှေ့လိုက်သည်။"ဘာလို့ အစကပြန်မတိုက်ခိုက်တာလဲ"
လုရှုဖန်၏ အသံမှာ ဒေါသအရိပ်အယောင်များပါဝင်နေသည်။ ဗီဒီယိုက တိုက်ခိုက်သည့် ဖြစ်စဉ် မရိုက်ထားသော်လည်း အော်သံများအရတော့ ရှန့်ခယ်သူတို့ကို ရှင်းပစ်လိုက်သည်ပင် ဖြစ်ရမည်။"သူတို့က မျိုးရိုးမြင့်တွေပါ၊ အလျင်စလိုတိုက်ခိုက်ခြင်းက ဉာဏ်မဲ့ရာကျပါတယ်၊ ကျွန်တော် လူကြီးမင်းအတွက် ပြဿနာဖန်တီးမိသွားသလို ဖြစ်ပါလိမ့်မယ်"
လုရှုဖန်၏ သက်မပင့်လိုက်မိသည်။ သူ လက်သီးဆုပ်ကာ ဆက်မေးခွန်းထုတ်လိုက်၏။
"ဒါဆို နောက်တော့ ဘယ်လိုလုပ် စတိုက်ခိုက်ခဲ့တာလဲ"ရှန့်ခယ်က တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလာသည်။
"သူတို့က ကျွန်တော့်ဆက်သွယ်ရေးကိရိယာကို ဖျက်ဆီးပြီး လူကြီးမင်းဖုန်းခေါ်ဆိုမှုကို အချိန်မီ ကိုင်လို့မရအောင် လုပ်ခဲ့တယ်လေ"
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...