အပိုင်း ၈၇ ။ ယွဲ့ကျယ်ဘဝ

5.2K 921 36
                                    

[Zawgyi]

"ရှောင်ကျယ်၊ မင်း ပါတီကို ရှေးဦးသူနာပြုကိရိယာတွေယူသွားဖို့ စီစဉ်နေတာလား"
ဟိတ်ဟန်ပါစွာဝတ်စားထားသော လုရှုဖန်က အခန်းထဲဝင်လာချိန် ရှောင်ကျယ်က ရှေးဦးသူနာပြုကိရိယာသေတ္တာပြင်ဆင်နေတာတွေ့၍ မေးလိုက်သည်။ လုရှုဖန်ဝတ်ခိုင်းထားသည့် ဝတ်စုံကတော့ သပ်သပ်ရပ်ရပ် အိပ်ရာပေါ်တွင် ခေါက်ထားမြဲဖြစ်သည်။

"ကြိုတင်ကာကွယ်မှုတစ်ခုပါပဲ"
ရှန့်ခယ်က ခေါင်းမမော့ဘဲ ဆေးဝါးကိရိယာများနှင့် ဆေးကိုစစ်ဆေးနေသည်။ လုရှုဖန်မှာ မကြာခဏ လုပ်ကြုံရန်ကြိုးစားမှုများနှင့်ရင်ဆိုင်ရတတ်သည်။ အဆိပ်ခတ်ခြင်းကတော့ ​စိုးရိမ်ရသည့်ဖြစ်နိုင်ချေပင်။ Systemပေးသည့်အချက်အလက်အရ လုရှုဖန်မှာ အနည်းဆုံး၃၅ ကြိမ် အဆိပ်ခတ်ခံရဖူးသည်။ သူ တစ်ခါမှတော့ ပြင်းပြင်းထန်ထန် မထိခိုက်ဖူးသော်ငြား ထိုအရာကဘယ်ချိန်ပြောင်းလဲသွားမလဲ ဘယ်သူမှမသိနိုင်ပေ။ ဘယ်လိုပဲဖြစ်ဖြစ် ကြိုတင်ပြင်ဆင်ထားခြင်းကကောင်းသည်။

လုရှုဖန်မှာ ရှန့်ခယ်က သူ့ကို လက်ထပ်ပြီးခါစဇနီးလေးလိုမျိုး စိုးရိမ်နေတာကိုကြည့်ရင်း သဘောကျနေသည်။ ၎င်းကသူ့ကို ဖော်မပြတတ်သော စိတ်ကျေနပ်မှုမျိုး ​ပေးစွမ်း၏။

ရှန့်ခယ်ကိုနှောင့်ယှက်မည့်အစား လုရှုဖန်မှာ တိတ်တဆိတ်ဘေးကနေကြည့်နေရင်း ရှန့်ခယ် သေတ္တာကို ပြင်ဆင်ပြီးချိန်ထိစောင့်နေလေ၏။
"​မြန်မြန် အင်္ကျီလဲတော့လေ၊ ကိုယ်တို့သွားဖို့ အသင့်ပြင်ကြမယ်"

"ပွဲအခမ်းအနား မကျင်းပခင် ၃ နာရီလိုပါသေးတယ်၊ ပြီးတော့ စံအိမ်ကနေ နန်းတော်ဆီသွားဖို့က ၁၅ မိနစ်ပဲကြာတယ်၊ ငါတို့မှာအချိန်အများကြီး ရှိသေးတယ်"
ရှန့်ခယ်က ရှေးဦးသူနာပြုကိရိယာဘူးကို ပိတ်လိုက်ပြီးနောက် ​ကြမ်းပြင်ပေါ်ထားပြီးမှ နောက်ဆုံးတော့ ဝတ်စုံကို ကောက်ယူပြီး အဝတ်လဲခန်းဆီ ဦးတည်လိုက်သည်။

လုရှုဖန်က လက်နှစ်ဖက်ကို ကျောနောက်ပစ်လျက် ဝေ့လည်ကြောင်ပတ်လိုက်လာ၏။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now