အပိုင်း ၁၃ ။ ကျန်းယွီ​မော့ ဘဝ

16.7K 2.4K 121
                                    

[Zawgyi]

ကျန့်​ချန်​ဖုန်း ကျန်းယွီ​မော့တိုက်​ခန်းက​နေပြန်​လာတဲ့​နေ့တည်းက သူ့ကိုယ်​မှာ တစ်​ခုခုလွှဲမှား​နေတယ်​လို့ခံစားရတယ်​ သူ မသိလိုက်​ခင်​မှာပဲ ကျန်းယွီ​မော့ကို အာရုံစိုက်​​နေမိပြီ အရင်​ပထမစစ​တွေ့ချင်း​အမြင်​မကြည်​ခဲ့တာက​နေ ခု​တော့ ကျန်းယွီ​မော့က သူ့ကိုဘယ်​လိုကြည့်​ကြည့်​ နှစ်​လိုဖွယ်​​ကောင်းတယ်​လို့ထင်​ရတယ်​ ကျန်းယွီ​မော့ခန္ဓာကိုယ်​ကဒဏ်​ရာ​တွေအတွက်​က​တော့ သူ တစ်​ဖက်​သားဆီကမ​ဖြေမရ​ပေမဲ့ တစ်​​ယောက်​ကိုစုံစစမ်းကြည့်​ခိုင်း​တော့ အားကစားအပြင်းအထန်​​လေ့ကျင့်​​ရေးclubမှာ ကျန်းယွီ​မော့အဖွဲ့ဝင်​ဖြစ်​​နေတယ်​​ဆိုတာ သိလိုက်​ရတယ်​ အပတ်​တိုင်းသွားပြီး ​လေ့ကျင့်​​ရေး​တွေဆင်း​နေကြပဲ

ကျန့်​ချန်​ဖုန်း က အဲ​ကောင်​​လေးကစားရတာ
သ​ဘောကျမှန်းသိ​ပေမဲ့ ဒီလိုကစားနည်းလို့​တော့ မထင်​ခဲ့မိဘူး ဒါ့အပြင်​clubမှာပွဲ​တွေစီစဉ်​တိုင်း ကျန်းယွီ​မော့ကအားလုံးနီးပါးကိုလက်​မှတ်​ထိုးထားတယ်​ သူ့ခန္ဓာကိုယ်​မှာ ဒဏ်​ရာအပြည့်​ရှိ​နေတာလည်းအံ့သြစရာမလိုဘူး
အားကစားနည်းတိုင်းက သူ့အဆသ့်​နဲ့သူ အန္တရာယ်​ရှိ​နေတာကိုး..တကယ်​လို့တစ်​​ယောက်​​ယောက်​က သတ္တိအလွန်​​ကောင်းပြီးစွန့်​စားရ​တာ​တွေကြိုက်​ရင်​​တောင်​ အ​တွေ့အကြုံ​ကောင်း​ကောင်းမရှိရင်
ဒဏ်​ရာက ​သေချာ​ပေါက်​ရမှာပဲ

ကျန့်​ချန်​ဖုန်း ​ဒေါသတော်​​တော်​ထွက်သွားတယ်​ ဒါ​ပေမဲ့ သူ့ရဲ့​ဒေါသဘယ်​က​နေလာမှန်းလဲမသိဘူး ဒီ​ကောင်​​လေးက အ​တော်​ကိုကစားနိုင်​လွန်းပြီး လုံခြုံမှုကိုလုံးဝကိုပယ်​ချထားသလို ခံစား​နေရတယ်
အားကစား​တွေကိုသ​ဘောကျတာက​ကောင်းတယ်​ဆို​ပေမဲ့ စိတ်​လှုပ်​ရှား ရင်​ဖိုဖို့အတွက်​လုပ်​တာက​တော့ တခြားစီပဲ

ကျန်းယွီ​မော့ကမ်း​ခြေ​တစ်​ခုမှာ jet ski စီး​နေတယ်​လို့ခု​လေးတင်​သတင်းရပြီး သူကိုယ်​တိုင်​သွားကြည့်​ဖို့ ဆုံးဖြတ်​လိုက်​တယ်

ကမ်း​ခြေမှာ​တော့ ​နေက​တောက်​ပ​နေပြီး ပင်​လယ်​​လေပြည်​​လေငြင်း​လေးနဲ့ပင်​..​ရေကူးဝတ်​စုံဝတ်​ထားတဲ့အမျိုးသမီးအမျိုးသား​တွေကလည်း ဟိုဟိုဒီဒီ
တီရှပ်​ ​အောကိခံ​ဘောင်းဘီ သား​ရေဖိနပ်​တွေနဲ့ ​အေး​အေးလူလူလမ်း​လျှောက်​​နေဟန်​​ပေါ်တဲ့ ကျန့်​ချန်​ဖုန်း​က တကယ့်​ကိုမျက်​စိစွဲမက်​စရာပဲ

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now