[Zawgyi]
ဒီတစ်ခေါက် ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်ကတော့
ကျန်းအိမ်တော်အုပ်စုရဲ့ ဥက္ကဌ ကျန်းစုန်းရဲ့ သား
ကျန်းယွီမော့ပဲ..သူက
ရှင်းချန်းအုပ်စုရဲ့ သမီး ကျန့်ရှင်းကိုတွေ့တော့ မြင်မြင်ချင်းချစ်ခဲ့မိတယ် ဒါကြောင့် ရူးရူးမိုက်မိုက်နဲ့ အဲကောင်မလေးကိုလိုက်ဖို့ကြိုးစားတော့တယ်ဒါပေမဲ့ ကျန့်ရှင်းမှာ နှလုံးရောဂါရှိနေခဲ့တယ် ဒါကြောင့် သူ့ရဲ့အကို ကျန့်ချန်ဖုန်းက သူ့ညီမနဲ့
ကျန်းယွီမော့ကိုမဆက်ဆံခိုင်းဘူး ဒါ့အပြင် ကျန့်ရှင်း သဘောကျနေခဲ့တာက ကျန်းယွီမော့ရဲ့အကို
ကျန်းတုန်းလင်ပဲ မနာလိုအမုန်းတရားတွေနဲ့အတူ
ကျန်းယွီမော့ဟာ သူ့အကို ကို ပစ်မှတ်ထားပြီး
ကျန်းလုပ်ငန်းအုပ်စုကိုအုပ်ချုပ်နိုင်ဖို့အတွက် တိုက်ခိုက်ပြီး ကျန်းမိသားစုကို ရှုပ်ထွေးစေတော့တယ်သို့သော်ငြား နှစ်နှစ်အကြာမှာတော့ ကျန်းယွီမော့က ဆေးစစ်နေရင်းနဲ့ဦးနှောက်အကျိတ်ရှာတွေ့ခဲ့တယ်
နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်လို့ ခွဲစိတ်ကုသအောင်မြင်နှုန်းက၂၀ရာခိုင်နှုန်းတောင်မရှိဘူး
ဒီသတင်းက ကြည်လင်ပြာလဲ့နေတဲ့ရာသီဥတု
အတွင်းမှာ မိုးကြိုးပစ်ခံလိုက်ရသလိုပဲ ကျန်းယွီမော့
စိတ်ဓာတ်ကျရောဂါစွဲကပ်သွားတော့တယ် သူရောဂါခံစားနေရတုန်းအကိုအရင်းနဲ့ ချစ်ရတဲ့အမျိုးသမီးတို့က အတူပေါင်းဖက်သွားကြတာမြင်တော့ သူ့ရင်ထဲ သိက္ခာကျသွားတယ်လို့ခံစားလိုက်ရတယ် စိတ်ရိုင်းတွေ ရုတ်တရက်ဝင်လာတဲ့အချိန်မှာပဲ သူ ကျန့်ရှင်းကို ကားနဲ့ မောင်းတင်ပြေးပြီး မြစ်ကူးတံတားပေါ်ကနေ ထိုးဆင်းခဲ့ရတယ်
အဆုံးမှာတော့ သူတို့နှစ်ယောက်လုံး ဆိုးဆိုးရွားရွား သေဆုံးခဲ့ရတာပဲ..ကျန့်ချန်ဖုန်းက သူ့ညီမလေး ကျန်းယွီမော့ကြောင့် သေဆုံးသွားတာသိရတော့ ကျန်းမိသားစုကို စပြီးပြန်တိုက်ခိုက်တော့တယ်..ခုနှစ်နှစ်အကြာမှာတော့
ကျန်းအိမ်တော်က ဒေ၀ါလီခံခဲ့ရပြီး ဘယ်တော့မှ ပြန်ရုန်းမထနိုင်ခဲ့တော့ဘူး...
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...