[Zawgyi]
ကျန့်ချန်ဖုန်း သတိထားပြီးတင်းကြပ်လှတဲ့စောင့်ကြောင့်မှုတွေအောက်မှာ ရှန့်ခယ်လည်း ပူဆွေးသောကရောက်စွာနဲ့ ခွဲစိတ်ခန်းဝင်ဖို့လုပ်ရတော့တယ် ဒီအချိန်အတောအတွင်းမှာ သူ လှေကားပေါ်ကနေပြုတ်ကျဖို့ကြိုးစားတယ်..ရေချိုးခန်းထဲမှာဆပ်ပြာတုံးတက်နင်းမိပြီးချော်လဲအောင်လုပ်တယ်..အိပ်ရာပေါ်ကနေကြမ်းပြင်ပေါ်ပြုတ်ကျအောင်ရောပဲ..ဒါပေမဲ့ခေါင်းနောက်ကိုရိုက်မိအောင်လုပ်ရတာကလည်း
အရည်အချင်းတစ်ရပ်ပဲဆိုတဲ့ အမှန်တရားက သက်သေပြသွားတယ်...သူပြုတ်ကျပြီးဒဏ်ရာရသွားတဲ့နေရာတွေက သူ့ရဲ့တင်ပါးနဲ့နောက်ကျောပဲ..
သူ့ရဲ့"မရေမတွက်နိုင်တဲ့လူသတ်ဖို့ကြိုးစားမှုတွေ" အောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး
ဒဏ်ရာရခဲ့ပေမဲ့ခွဲစိတ်ခန်းဝင်မဲ့နေ့အထိ သူ့ခေါင်းနောက်စေ့က သက်သာရာရနေခဲ့တုန်းပဲဟုတ်တာပေါ့..အားကစားနည်းတွေမှာပါဝင်ဖို့ သူ့အခွင့်အရေးကိုတောင်းဆိုဖို့လည်းမမေ့ဘူး ဒါပေမဲ့ ရလဒ်ကတော့ သူထွက်ပြေးသွားတိုင်း ကျန့်ချန်ဖုန်း
ဖမ်းမိပြီးပြန်ဆွဲခေါ်ခံလာရတာပဲ..အားကစားclub
တိုင်းမှာအတွင်းလူထည့်ထားပြီးထွက်ပြေးဖို့အခွင့်အရေးတစ်စက်လေးတောင်မပေးဘူးရှန့်ခယ်ဒါတွေအကုန်လုပ်နေပေမဲ့ ကျန့်ချန်ဖုန်း ကတော့မရိပ်မိတဲ့ပုံ..သူသိတာက ရှန့်ခယ်ရဲအခြေအနေကပိုပိုဆိုးလာတယ်ပဲ..မကြာခဏခေါင်းမူးပျို့အန်ရုံတင်မဟုတ်...သူ့ခြေထောက်လက်ထောက်တွေလည်းထုံကျဉ်ပြီးအားနည်းလာကာ လမ်းတောင်
သေချာမလျှောက်နိုင်တော့ဘူးဆိုတာပဲ ရှန့်ခယ်ရဲ့
တစ်နေ့တစ်ခြားဆိုးဆိုးလာတဲ့အခြေအနေကြောင့်
ကျန့်ချန်ဖုန်း လည်း ရှန့်ခယ်အခန်းထဲပြောင်းနေလိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ အကြင်နာဆုံး ဂရုစိုက်ပေးတော့တယ်
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...