[Zawgyi]
ုယုံကြည်ရာ 5
__________တိုင်လာ မြင်ကွင်းမှ ပျောက်သွားတဲ့အထိ ရှန့်ခယ် လိုက်ကြည့်နေမိတယ်။ ဒီလူက မူလ အိုဆာရီကို ရှုံးနိမ့်စေပြီး မကောင်းဆိုးဝါး လမ်းမှား ရောက်သွားစေကာ ပျက်စီးသေကြေခဲ့စေသူဆိုလည်း ဟုတ်တယ်။
မူလဇာတ်ကြောင်းသွားအရဆို အိုဆာရီ မင်းအဆင့် တမန်တော်ဖြစ်လာပြီးတဲ့ နောက်မှာတောင် တိုင်လာကို ထိပ်တိုက် မရင်ဆိုင်ရဲတော့ဘူးတဲ့။ ဒါ့ကြောင့် သူက ဒုတိယမ္ပိ သစ်ပင်ကြီးကို စည်းချတဲ့ အခါမှာ တိုင်လာကို လျို့ဝှက်လုပ်ကြံဖို့ တိုင်လာ့သူငယ်ချင်းတစ်ယောက်ကို သိမ်းသွင်း စည်းရုံးခဲ့တယ်။
အဲ့သလိုကြောင့်သာ မဟုတ်ခဲ့ရင် တိုင်လာ့ အစွမ်းနဲ့ စိတ်ခွန်အားနဲ့ဆို သစ်ပင်ကြီးကို ချုပ်နှောင်တဲ့ နောက်ဆုံး စစ်သည်တော်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်လာမှာပဲ။
မှဲ့ကလေးတစ်ခု တူနေတာ အတွက်ကြောင့်နဲ့တော့ ဒီလူဟာ ရာဗယ်လ်ပါလို့ ရှန့်ခယ် အတပ်ပြောလို့ မရသေးဘူး။ ဒါပေမယ့် သူသာ တကယ် ရာဗယ်လ်ဖြစ်နေခဲ့ရင်တော့ သူ့ရဲ့ အပိုဆောင်းတာဝန်ဟာ တိုင်လာနဲ့ ပတ်သက်နေလိမ့်မယ်။ ဒါပေါ့၊ အရင်ဆုံး သူက အဓိက တာဝန်ကို အောင်မြင်ထားရမှာပေါ့လေ။
ရှနာ့ခယ် သူ့အကြည့်ကို ပြန်ရုတ်လိုက်တယ်။ သူ အခုလို "အသိမိတ်ဆွေ ဟောင်းကြီး"နဲ့ မတွေ့ချင်သေးဘူး။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူ ခိုင်ဆာ့နောက်ကို လိုက်နေရင် ရပြီပဲ။ ကျန်တဲ့လူတွေကတော့ ရေပွက်ပမာ တစ်ခဏသာ ကြုံရရုံရှိမှာပေါ့။ သူ့အဓိက ရည်ရွယ်ချက်က စိတ်နှလုံး မည်းမှောင် ကောက်ကျစ်နေသူတွေကို ဖယ်ရှားရမယ်။ ကြင်နာ ဖြောင့်မတ်တတ်သူတွေကို ချန်ထားရမယ်။
"ရှန့်ခယ် ခင်ဗျားကို အကြာကြီး စောင့်နေစေမိသွားတယ်..." ကျောင်းက ထွက်လာတာနဲ့ ခိုင်ဆာ ရှန့်ခယ်ကို ခေါ်ပြီး အိမ်ပြန်ဖို့ ပြင်တော့တာပဲ။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...