[Zawgyi]
ယန်လု ရက်အတော်ကြာစောင့်နေပေမဲ့ ရှန့်ခယ်ကတော့ မှိုလေးအသွင်ရှိနေတုန်းပင်။ အဲလိုနဲ့ပဲ ထိုဆွေးမြည့်နေသည့်သစ်သားတုံးကိုသူနှင့်အတူယူကာထွက်လာခဲ့သည်။
သူ့မှာတိကျတဲ့ရည်ရွယ်ချက်မရှိ အရင်က မှိုလေးနောက်သာ လိုက်နေခဲ့ခြင်းပင်။ အဲကောင်လေး သူ့ဘေးမှာ တက်တက်ကြွကြွနဲ့ ဟိုပြေးဒီပြေးလုပ်နေတုန်းကသူဘာမှမခံစားရပေမဲ့ အခု ငြိမ်သက်သွားချိန် ဘဝကြီးကနှင်းစက်ပမာအထီးကျန်ဖို့ကောင်းသည်။ သူ့ရဲ့ အရောင်မရှိ ဖြူစွတ်နေသည့်ကမ္ဘာကြီးတွင် ဒီ တစ်ခုတည်းသောမှိုလေးပါဝင်နေသည်ာ
တစ်ခါတစ်ရံစိတ်ရှုပ်စရာကောင်းပေမဲ့ ဆွဲမနှုတ်ချင်ပေ။"မှိုလေး မင်းအခုနိုးမလာရင် ငါမင်းကိုစားတော့မှာနော်" ယန်လုက ခြိမ်းခြောက်ရင်းပျင်းရိစွာနှင့်သူ့လက်ထဲကဆွေးမြည့်နေသည့်သစ်သားကို ဇောက်ထိုးမှိုးမျှော်လုပ်လိုက်သည်။
ရှန့်ခယ်မှာ ရုတ်တရက် လည်ထွက်သွားမှုကြောင့်မူးဝေသွားပြီး သစ်တုံးပေါ်ကပြုတ်ကျလုနီးပါးပင်။
အလင်းရောင်တို့ဖြတ်ခနဲပေါ်လာကာတောက်ပနေသည့်ရှန့်ခယ်ကလူအသွင်နှင့်ယန်လုရှေ့ပေါ်လာလေရဲ့ ...။
ယန်လုကသူ့ကိုခေါင်းစခြေဆုံးကြည့်လိုက်ကာ ပိုပိန်သွားမှန်းမြင်လိုက်သည်။ သူ့ရဲ့ခါးသေးသေးလေးကပိုပြီးတောင် ကျိုးပဲ့လွဲလာသည့်ဟန်နှင့်...။
သူက လက်လှမ်းကာ လှမ်းဆိတ်ကြည့်လိုက်သည်။ ချောမွေ့နေကာ ခပ်ကြမ်းကြမ်းအထိအတွေ့ခံစားချက်လုံးဝကိုမရှိပေ။
ရှန့်ခယ်ကဘေးကိုရှောင်ကာ ထို့နောက် လေဟာနယ်လက်စွပ်ထဲက အင်္ကျီအချို့ကိုအမြန်ထုတ်ကာ ဝတ်ဆင်လိုက်သည်။
"မင်းဒဏ်ရာတွေသက်သာပြီလား"
"အင်း...." ရှန့်ခယ် က သူ့ခြေထောက်များကို အသာကလေးလှုပ်စမ်းကြည့်ရင်းယန်လုကိုပြုံးပြသည်။
"ငါသေချာစဉ်းစားချင့်ချိန်ပြီးတော့ ကောင်းကင်မဲ့လျှို့ဝှက်ဘုံကိုသွားဖို့ဆုံးဖြတ်လိုက်ပြီ""ကောင်းကင်မဲ့လျှို့ဝှက်ဘုံလား"
"အင်း" ရှန့်ခယ်ကတက်ကြွစွာရှင်းပြနေသည်။
"ကောလဟာလတွေပြောတာတော့ အဲနေရာမှာ ရှေးဟောင်းနတ်ဘုရားတစ်ပါးချန်ထားခဲ့တဲ့ရတနာတွေရှိတယ်တဲ့ အဲတော့မင်းအတွက်လည်းကျင့်ကြံနည်းတွေရှိမှာပဲ"
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...