[Zawgyi]
Translator - No_Coz
ယုံကြည်ရာ (၆)
~~~~~~~~~~"ငါ မယှဉ်ဘူး..." ရှန့်ခယ်က မက်စ်ရဲ့ စိန်ခေါ်မှုကို စကားတစ်ခွန်းတည်းနဲ့ ငြင်းလိုက်ပြီး သူ့ပစ္စည်းတွေ သူ သိမ်းဆည်းနေလိုက်တယ်။
မက်စ် မျက်မှောင်ကျုတ်လိုက်မိတယ်။ အလုပ်ရှုပ်နေတဲ့ ရှန့်ခယ်ကို ကြည့်ရင်း သူ့ဓားတိုလေးနဲ့ ဆော့နေလိုက်တယ်။ ရုတ်တရက် သူ အိတ်ကပ်ထဲကနေ ငွေဒင်္ဂါးတစ်ခု ထုတ်ယူလိုက်ပြီး ရှန့်ခယ်ဆီ ပစ်ပေါက်လိုက်တော့တယ်။
ရှန့်ခယ်ရဲ့ ခန္ဓာကိုယ်ကလည်း တုန့်ပြန်ပြီး အလိုလိုရေရှောင်မိပါရဲ့။ ဒါပေမယ့် သူ့လှုပ်ရှားမှုနှုန်းက သိပ်နှေးနေတာကြောင့် ထိမှန်ခံလိုက်ရတော့တယ်။
သူ့ဒူးတွေ ယိုင်နဲ့သွားပြီး လဲကျတော့မလို့။ သူ့လက်ထဲက ခွက်တစ်လုံးလည်း ချော်ကျသွားပြီး မြေပေါ်ကျကာ ခွမ်းကနဲမြည်ပြီး ကွဲသွားတော့သည်။
ဖူဖူလည်း ထိတ်လန့်သွားပြီး ရှန့်ခယ်ဆီ အမြန်ပြေးသွားကာ သူ့ခြေသလုံးကို တင်းတင်းကြပ်ကြပ်ဖက်ထားပေးလိုက်တယ်။ သူမက မက်စ်ကို စူးစူးရဲရဲ မျက်စောင်းထိုးနေသေးတယ်။
ရှန့်ခယ် ခြေထောက်ကို ဖက်တွယ်နေတဲ့ ကလေးမလေးကို ကြည့်ရင်း မက်စ်မျက်နှာထားက ထူးဆန်းနေတယ်။ သူ တုံ့ဆိုင်းနေမိပေမယ့် ပြောလိုက်တယ်။ "အိုဆာရီ မင်း. . ." အခုချိန်မှာ အိုဆာရီတစ်ယောက် အားနည်းချိနဲ့လွန်းလို့ ဒင်္ဂါးတစ်ပြားတောင် မရှောင်နိုင်တော့တဲ့ အထိ ဖြစ်နေမယ်လို့ သူ ထင်မထားခဲ့မိဘူး။
ရှန့်ခယ် သူ့ဘက်ကိုလှည့်ပြီး မေးလိုက်တယ်။ "ငါတို့ ခိုက်ရန်ဖြစ်စရာလိုလို့လား..."
သူ စကားပြောပုံက လွန်စွာ တည်ငြိမ်အေးဆေးနေတယ်။ သူ့မျက်ဝန်းညိုညိုတွေမှာ စိုးထိတ်ကြောက်လန့်ရှက်ရွှံ့နေဟန် တစ်စွန်းတစ်စမှ မပါဘူး။ မသိရင် သူမေးတဲ့ မေးခွန်းက ရိုးရိုးသာမန်မေးခွန်းတစ်ခု ဖြစ်နေသလိုလို။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...