[Zawgyi]
【အဲစမ်းချောင်းက ဘယ်မှာရှိတာလဲလို့ မင်းပြောခဲ့တာလဲ】
သူတို့ နတ်ဘုရားကွန်းခို တောင်ထွတ်ဆီရောက်ချိန် ရှန့်ခယ်မှာ ယန်လုပြောသည့် စမ်းရေကြည်ကို မမြင်ပေ။ ဝင်ပေါက်အရွယ်ရှိသော အပေါက်၇ပေါက်သာရှိသည်။ယန်လုက ကြယ်ကောင်းကင်ယံကိုမော့ကြည့်ကာ ပြောသည်။
"ဒီမှာပဲ"သူစကားပြောပြီးပြီးချင်း တုန်ရီနေသည့် အသံတစ်ခုက သူတို့ ခြေဖဝါးအောက်ကနေထွက်လာကာ အပေါက်၇ပေါက်မှ မြူခိုးများ ဝေလာသည်။ ထို့နောက်တော့ စမ်းချောင်းရေ များ စိမ့်ထွက်လာကာ ငွေဖြူရောင် အလင်းတန်းထွက်လာသည်။ အပေါ်စီးကနေကြည့်လျှင် ကြယ်စင်တန်းနှင့်တောင်တူသေးသည်။
ရှန့်ခယ်မှာ အံ့သြတကြီးမေးမိသည်။
【စမ်းချောင်းရေတွေထွက်လာမယ်မှန်း မင်းဘယ်လိုသိလဲ】
"စိတ်ကနေအလိုလိုသိတာ"
ယန်လုက သူ့တုတ်ကောက်ကို မြေကြီးပေါ် စိုက်ကာ စုတ်ပြဲနေသည့် အင်္ကျီများကိုချွတ်လိုက်သည်။ ထို့နောက် ကြုံရာကျပန်း ရေစမ်းတစ်ခုကိုရွေးကာ ခုန်ဝင်သွားသည်။အလိုလိုသိတာလား...ရှန့်ခယ် အတွေးတစ်ခုဝင်လာသည်။ ယန်လု၏ ကျင့်ကြံစဉ်မှာ အတိတ်မမေ့ခင်တုန်းက ထာဝရရှင်သန်အဆင့်သို့ ရောက်နေလေပြီ။ သူသာ လွန်ခဲ့သည့် နှစ်တစ်ထောင်တည်းက ကျင့်ကြံခဲ့သည်ဆိုလျှင် မူလဘုံကို ရောက်ဖူးလောက်သည်။ ဒါကြောင့် မှတ်ဥာဏ်တွေပျောက်သွားတယ်ဆိုရင်တောင် အနည်းငယ် ပုံရိပ်စွဲကျန်ခဲ့နေတာဖြစ်လိမ့်မည်။
ယန်လုက ရေစမ်းထဲ စိမ်ကာ မသန့်စင်သည့် ချီများကို စွန့်ထုတ်လိုက်သည်။ ထို့နောက် သူ့လက်ဖဝါးပေါ် အနားယူနေသည့် ပန်းအဖူးကို ရေပေါ် တင်လိုက်သည်။
ပန်းဖူးလေးမှာ ရေထဲသို့မြှုပ်မသွားပေ။ အဲအစား လှေငယ်လေးတစ်စင်းလို မျောပါနေကာ ရေပွက်လေးများနှင့်အတူ ညင်သာစွာမျောနေသည်။
ယန်လုမှာ ရေစမ်းကိုမှီရင်း မျက်လုံးပိတ်ထားသည်။ သူက ခြေထောက်များကို ဆန့်ကာ တဖြည်းဖြည်း ကျင့်ကြံအဆင့်သို့ ဝင်ရောက်လိုက်သည်။ စွမ်းအင်အစစ်အမှန်များကို ပတ်လည်စေကာ စိမ့်စမ်းရေမှာလည်း စည်းချက်ကျစွာ လှုပ်ရှားစပြုလာသည်။
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...