အပိုင်း ၆၃ ။ ဖီ(လ်)မောဘဝ

6.6K 1.1K 42
                                    

[Zawgyi]

"အာ့..." ရှန့်ခယ်က သူ့ကိုက်ခဲနေသည့်ခေါင်းကိုကိုင်ထားရင်း ဖြည်းဖြည်းချင်းထထိုင်လိုက်၏။ စောင်က အောက်ကို လျှောကျသွားချိန် သူ့ခန္ဓာကိုယ်ပေါ်တွင် ကျန်ရစ်ခဲ့သော အမှတ်အသားများ ပေါ်လာလေသည်။ သူ့ ပေါင်တံများနှင့် ခန္ဓာကိုယ်အောက်ပိုင်းမှ ပူလောင်နေသည့် နာကျင်မှုက သူ့ကို မလှုပ်မရှားနိုင်ဖြစ်လုနီးပါးဖြစ်စေကာ ထိုလူ၏ အငွေ့အသက်များကလည်း ကျန်ရစ်နေတုန်းပင်။ သူတို့ အထွတ်အထိပ်ရောက်တိုင်း အမြဲအထဲမှာပင် ပြီးကာ တစ်စက်လေးတောင် အလဟဿအဖြစ်မခံပေ။

သေချင်းဆိုး! သူက omegaလည်းမဟုတ် betaလည်း မဟုတ်ပေ။ သူဘယ်လောက် လွှတ်ထုတ်လွှတ်ထုတ် ရှန့်ခယ်က ကိုယ်ဝန်ရနိုင်မည်မဟုတ်ပေ! ပြီးတော့ ထိုသူတောင်းစားက သူတို့ ပထမအကြိမ်အထွတ်အထိပ်မှာတင် အမှတ်အသားပြုကာ သူ့ခန္ဓာကိုယ်ထဲ တံဆိပ်တစ်ခုပမာဟော်မုန်းများရောနှောစေခဲ့လေသည်!

ရှန့်ခယ် သူ့ကိုရှာကြည့်လိုက်သော်ငြား အခန်းမှာ သူကိုယ်တိုင်ကလွဲမရှိပေ။ ရန့်ကို ရွိုင်း ပြန်ပို့နေတာပင်ဖြစ်သည်။

သူက အိပ်ရာပေါ်ကနေဆင်းကာ ခြေထောက်ယိုင်နဲ့နဲ့ဖြင့် ရေချိုးခန်းထဲလျှောက်လာပြီး သူ့ကိုယ်သူသန့်ရှင်းရန် လုပ်သည်။ ဒါပေမဲ့ ဆန်းကြယ်စရာက သူ့ကိုယ်သူ ခန္ဓာကိုယ်ကထဲကအရာတွေကိုဆေးကြောရန် ရေသုံးသော်ငြား ကိုယ်ထဲမှအရာမှာ ထွက်မလာပေ။ တစ်စက်မှမကျန်တော့သည်အထိ စုပ်ယူခံလိုက်ရသည်ဟု ပြောလို့ရသည်။

ဘာတွေဖြစ်နေတာလဲ။  ရှန့်ခယ် အနည်းငယ် ပြောစရာ ဆွံ့အသွားကာ နံရံကို လက်ထောက်ပြီး  သူ့ကိုယ်ပေါ် ရေနွေးများပန်းထွက်စေလိုက်သည်။

ထားလိုက်တော့၊ လုပ်ပြီးတာကပြီးသွားပြီ။ ဘာလို့ သူ့ကိုယ်သူ စိုးရိမ်နေဦးမှာလဲ။ သေမှာမှမဟုတ်တာ။ ရှန့်ခယ်နံရံပေါ် ခေါင်းတင်ပြီး သူ့အတွေးထဲတွင် မနေ့ညကဖြစ်ခဲ့သည့်အရာအားလုံး ပြန်လည်ထပ်ပေါ်လာတော့သည်။ သူတို့အရူးအမူး သားရဲတွေပမာ ပေါင်းစည်းပြီး ရစ်တွယ်မှု၊ လူးလွန့်မှု၊ ပိုင်စိုးပိုင်နင်းဆန်မှုများ...။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now