အပိုင်း ၇၉ ။ မီးတောက်လေးဘဝ

3.2K 504 7
                                    

[Zawgyi]

【အပိုမစ်ရှင် ၂ - ဒီပ်ဆန်ကို မျိုးရိုးပြောင်းမျိုးစိတ် ပြန့်နှံ့သွားခြင်းမှ ကာကွယ်ပါ】

ရှန့်ခယ်၏ တစ်ကိုယ်လုံးမှာ System ရဲ့ အချက်ပေးမှုကြောင့် တုန်ယင်လာလေ၏။ နောက်ဆုံးသော မစ်ရှင် ထွက်ပေါ်လာလေပြီ။

ဒီပ်ဆန်ကို မျိုးရိုးပြောင်း မျိုးစိတ် ပြန့်နှံ့သွားခြင်းမှ ကာကွယ်ရမယ်လား .... မျိုးရိုးပြောင်း မျိုးစိတ်က ဘာလဲ .... System က ညွှန်ပြပါဦး

【System သတိပေးချက် - ဒီပ်ဆန်ရဲ့ မျိုးစိတ်က လူသားတွေကို တခြားမျိုးစိတ်အဖြစ် နဂိုအတိုင်း မဟုတ်ဘဲနဲ့ အတင်းကျပ် ပြောင်းပေးနိုင်တယ်။ ဒီမှာ ဒီပ်ဆန်ရဲ့ လက်ရှိပုံကို ကြည့်ပါဦး .... သူ့အညစ်အကြေးတွေနဲ့ တွေ့ရင် နှာခေါင်း၊ ပါးစပ်နဲ့ လက်ကို သေချာကာကွယ်ထားဖို့ မှတ်ထားပါ 】

ရှန့်ခယ် " ....."

ဒီပ်ဆန်၏ ပုံစံကို မြင်တွေ့ပြီးနောက် ရှန့်ခယ်က လူသားမျက်နှာနှင့် ခန္ဓာကိုယ်အိအိ၊ လက်တံများနှင့် သူကား အမှန်တကယ် ဒီပ်ဆန် ဖြစ်ကြောင်း မယုံနိုင်ပေ။

ဒီလူက သူ့ကိုယ်သူ စမ်းသပ်ရလောက်အောင်အထိ ဘယ်လောက်တောင် အရူးအမူး ဖြစ်နေရတာလဲ ....

သူ့၏ သွင်ပြောင်း ပုံစံကို ကြည့်ရင်း ရှန့်ခယ်က ကင်းမွန်အကြီးကြီး ပုံစံ ဖြစ်နေကြောင်း ကောက်ချက် ချလိုက်နိုင်သည်။ သူ သိထားသမျ အချက်အလက်များအရ ဧရာမ ကင်းမွန်ကြီးမှာ ဝေလငါးများနှင့်ပင် သွေးသံရဲရဲ တိုက်ခိုက်ရဲသည့် အားကောင်းသော သတ္တဝါများ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော်လည်း ဧရာမ ကင်းမွန်မှာ အင်မတန်ကို ကြီးမားပေ၏။ ငယ်ရွယ်စဉ်ပင် သုံးမီတာခန့် ရှည်လျားနေပြီ ဖြစ်၏။ သို့သော်လည်း ဒီပ်ဆန်၏ မျိုးစိတ်ပြောင်း ခန္ဓာကိုယ်မှာ အကြမ်းဖျင်း ၃၀ စင်တီမီတာမျှသာ ရှိပေသည်။

သူ့အနေနှင့် ခန္ဓာကိုယ် ပြောင်းလဲရေး နည်းလမ်းကို မလေ့ကျင့်ရသေးတာလား

ရှန့်ခယ်က အတွေးထဲ နစ်မျှောနေစဉ် ချင်ယွန်က မှုန်မှိုင်းမှိုင်း အမူအယာဖြင့် ဝင်လာကာ သူ့ခန္ဓာကိုယ်မှ ထုတ်လွှင့်နေသော အေးစက်စက် အငွေ့အသက်များမှာလည်း မပျောက်ကွယ်သွားသေးပေ။

မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]  Where stories live. Discover now