[Zawgyi]
ဂေဘရီရယ် သူ့လက်တွေကို ရှန့်ခယ်ရဲ့
အပေါ်စီးမှာရှိတဲ့ ဘုရင်မတစ်ပါးပုံစံ ခါလိုက်တယ်
"ငါဒီနေ့ကိုစောင့်နေခဲ့ရတာကြာပြီ..ဒီနေ့တော့
မင်းငါ့ကိုဒေါသထွက်စေခဲ့တာတွေအားလုံးပြန်ပေးမယ်"တစ်ဖက်သူကိုတစ်ချက်ရိုက်ပြီးတာနဲ့ သူ့တစ်ကိုယ်လုံးလန်းဆန်းတက်ကြွသွားသလိုပဲ
အရမ်းကြီးမားတဲ့လုပ်ငန်းကြီးတစ်ခု
အောင်မြင်သွားသလိုပဲရှန့်ခယ် သူ့ကို အေးစက်စက်သာစိုက်ကြည့်နေတယ်
ဂေဘရီရယ် သူ့ရဲ့ကော်လံကိုသေချာခေါက်လိုက်ပြီး ကော်လံကြားထဲက လှိုင်းနှောင့်ယှက်ကိရိယာကို လက်နဲ့တိတ်တဆိတ်ထိလိုက်တယ် ပြီးတာနဲ့
ချက်ချင်းပဲ သူ ရှန့်ခယ်စောင်ကိုဆွဲတင်ပေးဖို့
ငုံ့လိုက်ပြီး ငြင်ငြင်သာသာ အသံနှုန်းနဲ့ပြောတယ်
"မင်း ပင်ပန်းနေတဲ့ပုံပဲ ကောင်းကောင်းအနားယူ ငါ
မင်းဆီနောက်တစ်ခေါက်လာလည်မယ် ..အင်း နောက်တစ်ခေါက်ကတော့ မင်းကိုနှုတ်ဆက်တာဖြစ်လိမ့်တယ် မင်း အသုဘတောင်
ရောက်နေလောက်ပြီ"သူ့ရဲ့နောက်ဆုံးစကားလုံးတွေကအရမ်းတိုးလွန်းလို့
ရှန့်ခယ် နား ကို ထိမိတော့မတတ်ပဲ...ပြောပြီးတာနဲ့ ခြေတစ်လှမ်း ပြန်ဆုတ်ပြီး monitor ကို ကျောပေးထားရင်း တောက်ပတဲ့အပြုံးပြုံးပြလိုက်တယ် ပြီးနောက်တော့လှည့်ပြီးထွက်သွားတယ်
အဲစိတ်ဓာတ်မကောင်းတဲ့ကောင်ရဲ့ ကျေနပ်နေတဲ့ပုံစံ က လူတစ်ယောက်ကို သူ့ကိုနှစ်ခါလောက်ထိုးကြိတ်ပါရစေလို့တောင်ဆုတောင်းမိစေတယ်
မူလ ကေ့(ခ်ျ)က နည်းနည်းမာနကြီးဆိုးသွမ်းကာ ဂေဘရီရယ့်ကိုကောင်းကောင်းမဆက်ဆံခဲ့ပေမဲ့ သူသေခါနီးလေးတော့ ဓားနဲ့နောက်ကျောထိုးရလောက်အောင် မလိုအပ်ပါဘူး ဟုတ်တယ်မလား
သူ့အမုန်းက ဘယ်လောက်တောင်ကြီးနေလို့လဲ ဒါ့အပြင် ကေ့(ခ်ျ)အဖေက သူ့ကျေးဇူးရှင်ဖြစ်ပြီးမွေးစားအဖေလေ ထမင်းကျွေးတဲ့လက်ကိုတော့ပြန်မကိုက်သင့်ဘူး
YOU ARE READING
မီးတောက်ကြားကပန်းတစ်ပွင့် [မြန်မာဘာသာပြန်]
Romance【ရှင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမသေရပါစေနဲ့ ...!】 သို့နှင့်၊ ရှန့်ခယ်တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သည့် သနားစရာ အသက်ဘဝကို တစ်ချိန်လုံး စွန့်ပစ်စွန့်လွှတ်နေရသော သံသရာထဲ (အတင်းအကြပ်စေခိုင်းသဖြင့်) ကျင်လည်ရတော့သည်။ Name : Heroic Death System...